Saturday, June 9, 2018

ဝိပဿနာ လုပ်ပါ

ဝိပဿနာ လုပ်ပါ

ဒကာ ဒကာမတို့ကို ဆရာဘုန်းကြီးက ဝိပဿနာ လုပ်ပါ လို့ တိုက်တွန်းလိုက်တယ် ။ ဘုန်းကြီးကလည်း သူ့ ဒကာ ဒကာမတွေ ... ဘယ့်နှယ့်ကြောင့် ဒီလောက် တိုက်တွန်းနေရတာတုန်း ဆိုတော့ တိုက်တွန်းခံရတယ်ဆို့လို့ရှိရင် မေ့လျော့မှု ရှိလို့-လို့ အောက်မေ့ရမယ် ။ တိုက်တွန်းခံရတယ် ဆိုရင်...။

 မေ့လျေ ာ့မှု ရှိလို့ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ မှတ်ရမယ် ။ ဪ မေ့ဆိုတာ ဘာပါလိမ့်မတုန်းဆိုတော့ ဒကာ ဒကာမတွေ လုပ်ကိုင်နေတဲ့ လောကီအလုပ် ဟူသရွေ့ဟာဖြင့် မေ့လို့ လုပ်တဲ့ အလုပ်တွေ မှတ်ပါ ။ ဒကာ ဒကာမတွေ ရှာဖွေ ရောင်းကြ ဝယ်ကြ ပြောကြ ဆိုကြ ကိုယ့် ဆိုင်ရာဆိုင်ရာ အလုပ် လုပ်တာ ဟူသရွေ့သည် စားဖို့သောက်ဖို့ လုပ်တာ ဟူသရွေ့သည် ဒကာ ဒကာမတို့ ဒါ မေ့နေလို့ မှတ်ကြစမ်းပါ။
 မေ့နေလို့ ဆိုတာ သိတော့မှ တဲ့ သြော် - ဆရာဘုန်းကြီးက ဝိပဿနာလုပ်ကြ ဆိုတာ တို့အလုပ်တွေက မေ့တဲ့အလုပ် ဖြစ်သောကြောင့် တိုက်တွန်းတာကိုး လို့မှတ်ရမယ် ။
 မေ့နေတာ မေ့ရုံတင် မေ့ပြီးသကာလ နေတာလား။ တခါ ရှေ့ဆက်ပြီး သကာလ ဒကာ ဒကာမတွေကို မေးရဦးမယ် ။ ဒကာ ဒကာမတို့ မေ့ရုံတင် မေ့နေတာ မဟုတ်သေးဘူး ကိုယ့် သက်တမ်းကြီးကိုလည်း သေခါနီးနေတာကိုလည်း တဲ့ နီးသထက် နီးအောင်လို့ အလွဲသုံးစားနဲ့ ဖြုန်းတီးနေတယ်ဆိုလို့ ရှိရင်လည်း ဒါ မှန်ပြန်တာပဲလို့ မှတ်ရမယ်။ ကိုယ့်သက်တမ်းကို သားရေး သမီးရေး စီးပွားရေး မေ့ခြင်းတည်းဟူသော တရားကြီး နှင့် ဖြုန်းတီးပစ်နေတာ အသက်တမ်းကိုလည်း အလွဲ သုံးစားကုန်စေတယ်လို့ မှတ်ရမယ် ။သက်တမ်းကိုလည်း ဘာပါလိမ့်
 (အလွဲ သုံးစားကုန်စေပါတယ်ဘုရား)။
 အလွဲသုံးစားကုန်စေတယ် လို့ ဆိုတော့... ဒကာ ဒကာမတို့အားလုံးပဲ သတိပေးလိုက်ပါတယ် ။ လူတွေဟာ အမြဲနေရာ ဌာန ... ငရဲမှာလို့ပဲ မှတ်လိုက်တာပေါ့။ လူတွေ အမြဲနေတဲ့ နေရာ ဋ္ဌာနက ငရဲမှာ ။ အဲဒီ ငရဲမှာ နေတုန်းက စိတ်ဟာ တစ်စက္ကန့်မှ မသက်သာတော့ လူပြည်မျ ားရောက်လို့ ရှိရင် ဟေ့ ဒီနေရာမပြန်ရတဲ့ စတူဟာပါယေဟိ စ ဝိပ္ပမုတ္တော ဆိုတဲ့ အပါယ်လေးပါးမှ လွတ်တဲ့အလုပ်ကိုဖြင့် လုပ်ဖြစ်အောင်ပဲ လုပ်ပါတော့မယ် ဆိုတဲ့ စိတ်ထားက အပါယ်မှာ နေတုန်းက လူတိုင်းမှာ ရှိကြတယ် ။
လုပ်မယ်လို့ ရည်ရွယ်ချ က်နဲ့လာပြီး သကာလ ဒီကျမှ ပတ်ဝန်းကျ င် အခြေအနေ သူက အိမ်ထောင်ကျ ငါကအိမ်ထောင်ကျ သူကပညာသင်ကြ ငါကပညာသင်ကြ သူက အိမ်ဆောက်ကြ တိုက်တည်ကြ သူက ကားဝယ်ကြ သူက စိန်တွေ ဘာတွေ ဝတ်ကြ ဆင်ကြ နဲ့ အဲဒါတွေ ဘေးကနေ လှည့်စားပစ်လိုက်တော့ နဂိုရည်ရွယ်ချ က်တွေ အကုန်ပျောက်ပြီး မေ့ကုန်ပြီး သကာလ သူတို့လို လုပ်ပြီး သူတို့လိုနေမှ သူတို့လိုထိုင်မှဆိုတဲ့ မေ့မှုကြီးကရှေ့ဦးစွာပေါ်ပေါက်လာတယ် ။
 ဒါ ဦးခင်မောင်... ပတ်ဝန်းကျင် လှည့်စားမှုနော်
(မှန်ပါ့)။ 
ဒကာ ဒကာမတွေ ဘာလှည့်စားမှုပါလိမ့်
( ပတ်ဝန်းကျ င်လှည့်စားမှုပါဘုရား)။
ပတ်ဝန်းကျ င် လှည့်စားမှုကလည်း ငရဲက လာခဲ့တဲ့ ရည်ရွယ်ချက်ကို ဖျက်စီးပစ်ပါတယ် ။ ငရဲကလာတဲ့ ရည်ရွယ်ချက်ကြီးကို...
(ဖျ က်စီးပစ်ပါတယ် ဘုရား။)
အဲဒါကြောင့် မေ့ပစ်လိုက်တယ်လို့ ဆိုပါတော့နော် ။ မေ့ရုံတင် မေ့ပြီးသကာလ နေတာတင်မကသေး တနေ့ထက် တနေ့ကြီးရင့်ပြီး သကာလ လာတာကလည်း သေခါနီးလာပြီ ။ တစ်နေ့ထက် တစ်နေ့ကြီးရင့် လာတာက...
(သေခါနီးလာတာပါဘုရား) ။
အဲတော့ မေ့ပြီး သကာလ သေခါနီးကို အားပေးနေတာလည်း ရောက်တယ်။ မေ့ပြီး သကာလ...
( သေခါနီးကို အားပေးနေတာလည်း ရောက်ပါတယ်ဘုရား) ။
 မေ့ပြီး သေခါနီးအားပေး နေတာလည်း ရောက်တဲ့ အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မေ့မှုက အဝိဇ္ဇာ ၊ မေ့မှုက အဝိဇ္ဇာ ဆိုသဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရလမ်း ကိုအလုပ်လုပ်ပြီး နေတယ်။သဘောကျပလား ။ မေ့မှုက ဘာ-ပါလိမ့်...
 (အဝိဇ္ဇာပါဘုရား)
အဝိဇ္ဇာပစ္စယာ သင်္ခါရ လမ်း.... အဝိဇ္ဇာပစ္စယာ သင်္ခါရ လမ်းဆိုတော့ မသိမှု ကြောင့် မတော်တာလုပ် ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ်။ မသိမှုကြောင့်...
 (မတော်တာလုပ် ပါဘုရား)
သဘောကျပလား။ ဦးဘဒင်ရေ ဘာတဲ့တုန်း မသိမှုကြောင့် မတော်တာလုပ် ။ မသိမှုက အဝိဇ္ဇာ မတော်တာ လုပ်တာက သခါင်္ရ ရှင်းကြပလား။ မသိမှုက ... အဝိဇ္ဇာ ။ မတော်တာ လုပ်တာက ... သခါင်္ရ ။ အဲ ။ မသိမှုက အဝိဇ္ဇာ မလျော်တာ မတော်တာ လုပ်တာက သခါင်္ရ ဆိုတော့ သြော်် တို့သည် အပါယ်မှာနေခဲ့တဲ့ စိတ်တွေ အကုန်ဖျောက် ဖျက်ပြီး သကာလ ပတ်ဝန်းကျ င် အခြေအနေကြောင့် အဝိဇ္ဇာ ဖြစ်ပြီးသကာလ သင်္ခါရအလုပ်တွေသာ ကြိုးစားနေပါပေါ့လား ဆိုတာ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားကြည့် အခု ပြောလိုက်တော့ ဦးခင်မောင် မပေါ်လာဘူးလား။
 ဦးဝ သတိထားပါ။ အားလုံး ဒကာ ဒကာမတွေ သတိထားကြစမ်းပါ။ မသိတာက ဘာတုန်း
( မသိတာက အဝိဇ္ဇာပါဘုရား )။
မသိတာက အဝိဇ္ဇာ အိုမှာလည်း မသိ နာမှာလည်း မသိ ခန္ဓာကြီးထဲ ဒုက္ခသစ္စာရှိတာလည်း မသိဘူး ။ အဲဒီ မသိတာက ဘာပါလိမ့်
(အဝိဇ္ဇာပါဘုရား)
မသိတာက အဝိဇ္ဇာ ဖြစ်နေတော့ ရောင်းလိုက် ဝယ်လိုက် ပြောလိုက် ဆိုလိုက် ဝဋ်ဘဝတွေ တောင့်တပြီးသကာလ လှူ လိုက်တန်းလိုက် ဆိုတဲ့ သင်္ခါရ အလုပ်တွေ လုပ်လိုက်ပြန်တော့ သြော် - ဒါဟာမသိတဲ့ ပုဂ္ဂိုလ်ရဲ့လုပ်မှုပဲ လို့ မဆိုနိုင်ဘူးလား။
 ဒါဖြင့် မသိမှုက အဝိဇ္ဇာ လုပ်မှုက သင်္ခါရ ၊ တို့သည်ကား ဆိုလို့ရှိရင် နေ့တိုင်း ဘာတွေလုပ်နေ ပါလိမ့်မတုန်းလို့ အမေးထုတ်လို့ ရှိရင်ဖြင့် မသိတာကြောင့် မတော်တာလုပ်နေကြတယ် ဘယ်လို ဆုံးဖြတ်ချက် ချမတုန်း။ အဲ မသိတာက အဝိဇ္ဇာ ၊ မတော်တာ လုပ်တာက သင်္ခါရ ဆိုတော့ ဒကာ ဒကာမတွေ ရှင်းပလား ကောင်းပြီ ဒါဖြင့် မသိတာက အဝိဇ္ဇာ ၊ မတော်တာ တွေ လုပ်တာက သင်္ခါရတွေ ဖြစ်နေတော့ ဘုန်းကြီးတို့ဒကာ ဒကာမတွေ အဆုံးဘာနဲ့ တွေ့ကြုံ ရမလဲလို့ မေးဖို့ မလိုဘူးလား။
 ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ အဆုံးကျတော့ ... ဒုက္ခန္ဓဿ သမုဒယော ဟောတိ ။ အဆုံးက ဘာတဲ့ဗျာ ဒုက္ခန္ဓဿ ဒုက္ခ အစုအပုံကြီး၏ သမုဒယော ဖြစ်ခြင်းသည် (ဝါ) ဖြစ်ကြောင်းသည် ဟောတိ ဖြစ်၏ ။ သြော် - မသိတာကြောင့် မတော်တာလုပ်တာဖြင့် ဒုက္ခအစုပဲ ကိုယ်ပိုင်ရတော့မှာပဲ လို့ ဆုံးဖြတ်ချ က်ချလိုက်စမ်းပါ ။ မသိမေ့မှုကြောင့် ဘာတွေ လုပ်တုန်း။ 
မတော်တာ လုပ်တော့ ဘာတွေ ကိုယ်ပိုင် ပစ္စည်း ဖြစ်ပါလိမ့်။ ဒုက္ခအစုဟာ ကိုယ်ပိုင်စ္စည်းသာ။ ဒုက္ခသေးသေး မမှတ်လိုက်ပါနဲ့ ဒုက္ခအစုဟာ ကိုယ်ပိုင် ပစ္စည်း ဖြစ်တယ်လို့ မှတ်လိုက်စမ်းပါ။ ရှင်းကြပလား။ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ လုပ်ကြပါဆိုတဲ့ ဥစ္စာ ဆရာဘုန်းကြီး တိုက်တွန်းတာဟာ ဪ တိုက်တွန်းစရာရှိလို့ တိုက်တွန်းတာပါကလား ဆိုတာပေါ်လာပြီ
 (မှန်ပါ့)။
 မသိမှုကလည်း ဒကာ ဒကာမတွေ ရှိနေတယ် ။ ခန္ဓာကြီး ဒုက္ခသစ္စာလို့ ကော ...ခဏ ခဏ ပြနေတဲ့ ဖောက်ပြန် ပျက်စီးတဲ့ ဒုက္ခသစ္စာတွေလည်း မသိကြဘူး ။ မသိတော့ ထင်ရာလုပ်ပြီး သကာလ ရောင်းကြ ဝယ်ကြ ။ ထင်ရာလုပ်တဲ့ အလုပ်တွေကော မလုပ်ကြဘူးလား။ အဲ... မသိမှုကြောင့် ထင်ရာ လုပ်ကြတယ်။ ထင်ရာ လုပ်ကြခြင်းကြောင့် နောက်ဆုံးပိတ် ဒုက္ခ အစု ရတယ်။
 ဦးခင်မောင် ဒါ အများသွားလာတဲ့ လမ်း ။ အဲဒါ ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ရှေ့ပိုင်းမှာ ဒကာ ဒကာမတို့ ခင်ဗျားတို့ကို တိုက်တွန်းရတာဟာ အလကားတိုက်တွန်းချင်လို့ သူငယ်နှပ်စားတွေမို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး #လုပ်ပုံကိုင်ပုံက မသိမှုအုပ်ချုပ်ပြီး သကာလ မတော်တာတွေ လုပ်နေလို့ ဒုက္ခအစုကြီးကို ရတဲ့အခါ ခင်ဗျ ားတို့ သည်းခံနိုင်ကြမှာမဟုတ်တဲ့ အတွက် ဝိပဿနာ လုပ်ကြပါ လို့ တိုက်တွန်းရတာပါ ။ ပေါ်ကြပလား။
 ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
ကံလေးမျိုးတရားတော်မှ (၂၄-၃-၆၀ / မန္တလေးမြို့ ဦးချ စ်ဆွေ ဓမ္မာရုံ ။ )
► မုံလယ်တရားစခန်းများတွင် အမြဲ ဖွင့်လေ့ရှိပါသော မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော် ၁၀-ပုဒ်လာ ကံလေးမျိုး တရားတော်မှ မုံလယ် သာဝက မယ်တော် ဒေါ်ညွန့် ပခုက္ကူ စာစီ ပူဇော်မှုကို ဓမ္မဒါန ကုသိုလ်ပြုပါသည်။
 ချမ်းသာခြင်း လက်ငင်းရကြပါစေ။
 အမှောင်ပျောက်၍ အလင်းရောက်ပါစေ။