Saturday, June 9, 2018

ခဏိကသမာဓိနှင့် ဝိပဿနာ ရှုပွားသင့်ကြောင်း

 ခဏိကသမာဓိနှင့် ဝိပဿနာ ရှုပွားသင့်ကြောင်း ဟောကြားချက်”

 ဒကာတို့တစ်တွေ ကံကောင်း ဉာဏ်ကောင်းရှိတဲ့ အစိတ်အရွယ်၊ နှစ်ဆယ်အရွယ်တွေတုန်းက ငါးပါးအာရုံ ကာမဂုဏ်ကိစ္စတွေမှာ သုံးထားခဲ့ကြပြီကိုး၊ ဒါ ကြောင့်ကံမွဲ ဉာဏ်မွဲကလေးနဲ့ နည်းနည်းနဲ့ရအောင် ကြိုးစားယူကြရမယ်။ ဒကာတို့တစ်တွေ အရင်က ကံကောင်း ဉာဏ်ကောင်းတွေ အလွဲသုံးစားလုပ်ခဲ့ ကြပြီ၊ အခုနေမှာ နက်နဲတဲ့တရားနဲ့ ကံမွဲဉာဏ်မွဲနဲ့ပဲ တွေ့ကြုံနေရတယ်။

ရှေးက ငါးပါးအာရုံကာမဂုဏ်တွေမှာ သုံးပစ်ခဲ့ကြလို့ကုန်ခဲ့ပြီ။ အဲဒါ ကောင်းတာဟူသ ရွေ့ ကုန်ခဲ့တာပဲ။ ဒကာ၊ ဒကာမတွေ ဒါဟာ ဘယ်သူ့အပြစ်လဲ ရိပ်မိကြရဲ့လား။ ဇရာသူခိုးက ခိုး နေရတဲ့အထဲက ဒကာတို့က အလွဲသုံးစားလုပ်နေတဲ့အချိန်က လုပ်ပစ်နဲ့ဆိုတော့ ကျန်ပါဦးမလား။ ဘယ်ကျန်တော့မလဲ။ ဒီကြားထဲ အချိန်ရွှေ့ချင်သေးတော့ အချိန်က ကုန်ရော့ လာသေးတယ်။ ပထမအရွယ်မှာ ပညာရှာ ဒုတိယအရွယ်မှာ ဥစ္စာ တတိယအရွယ်မှာ ဘာဝနာတဲ့။ ဘယ်သူကထွင်လိုက်တဲ့ အမှားလဲမသိပါဘူး။
 အချိန်ရွှေ့ပစ်နေတာ တတိယအရွယ်မှာ ဘာဝနာတဲ့။ ကံမွဲဉာဏ်မွဲကျမှ ဘာဝ နာဆိုရင် သွားပြီ။ ရော်ဘာတုံးလက်သီးနဲ့ ထိုးသလိုနေမှာပဲလို့သာ မှတ်လိုက် ကြတော့။ ဒကာ၊ ဒကာမတို့ အရှည်မလိုက်ကြနဲ့။ တိုတိုပဲလိုက်ကြလို့ ပြောလိုက်ပါတယ်။ အချိန်ကမရတော့ဘူး။ ရိပ်မိကြရဲ့လား။ ဒကာတို့ခန္ဓာမှာ ဇရာသူခိုးက အချိန်တိုင်းခိုးနေတာ။
 အိပ်နေတော့လည်း ဇရာကခိုး၊ မနက်လင်းတော့သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ အလွဲသုံးစားလုပ်ပစ်ကြ။ အကောင်းဟူသမျှ အားလုံးနည်းနေပြီ။ အဲမွဲနေတဲ့အချိန်ကျမှ ရောက်လာတော့ သုံးလို့ကိုမရတော့ဘူး။ သဘောပေါက်ပလား။ ဒီတော့ ဒကာတို့အတွက် အချိန်က အလွန်နည်းနေတော့ တိုတိုနဲ့ရဖို့ပြောရမယ်။ ရှည်နေရင်မဖြစ်ဘူး။ အမွဲနဲ့လာရတာ။ အသေကစောသွားရင်ခက်မယ်။ အသေမဦးခင် အရင်ဦးအောင် လုပ်နိုင်မှ ဖြစ်တော့မယ်။
 ဒါ့ကြောင့် နိဗ္ဗာန်ရောက်ချင်ရင် ကြိုးစားပြီး မှတ်သား နာယူကြ။ ဒကာ ဒကာမတွေ နိဗ္ဗာန်ရချင်ရင် ရှေ့ပိုင်းက ဝိပဿနာမဂ်၊ နောက်ပိုင်းက လော ကုတ္တရာမဂ်။ ဒါကို လုပ်ရမယ်လို့ မှတ်ကြ။ ရှင်းပြီမဟုတ်လား။ ဝိပဿနာသမာဓိနဲ့ သွားရမယ်။ သမထမလုပ်နဲ့တော့ သမထလုပ်ရင် အချိန်ကြာနေမယ်။ ဒီလိုမှ မလုပ်ရင် ဇရာခိုးတာနဲ့ အသေစောတာနဲ့ပဲ ကိစ္စနုံးရတော့မယ်။ ရိပ်မိကြပြီလား။
 ဒီအတိုင်းသွားရင် သာသနာပနဲ့ပဲ သေသွားရမယ်။ သာသနာနဲ့ကြံုတယ်ဆိုပေ မယ့် သာသနာတွင်း တရားမရတော့ သာသနာပလို့ပဲဆိုရတယ်၊ သဘောပေါက် ကြပြီလား။ သမထသမာဓိဆိုရင် ကြာမယ်၊ ဒါက သာသနာပတရား။ သာသနာတွင်း တရားမဟုတ်ဘူး။ ဒါ့ကြောင့် ဒီသမထ သမာဓိမလုပ်နဲ့တော့။ အသေစောရင် အမျောကြီး မျောရလိမ့်မယ်၊ နားလည်ကြပြီလား၊ ဒီအလုပ်မှာ သမာဓိက ဝိပဿနာ သမာဓိနဲ့သွားရမယ်။ ရှင်းပြီလား၊ ကိုင်း ဒကာ-ဒကာမတွေ အလုပ်ပြမယ်။
အလုပ်က ရှေ့က ဝိပဿနာမဂ် နောက်က လောကုတ္တရာမဂ် လို့မှတ်ကြ။ တိုတိုနဲ့ အမိဖမ်းဖို့လုပ်ကြ၊ မှတ်မိကြ ပြီလား၊ ရှေ့ပိုင်းက ဝိပဿနာမဂ်၊ နောက်ပိုင်းက လောကုတ္တရာမဂ်။ ဒါကိုမိ အောင်လုပ်ရမယ်။ ကံမွဲ ဉာဏ်မွဲသမားတွေ ကောင်းကောင်းမှတ်သွားကြ။ ဒီနှစ်ခုတည်းနဲ့သွားကြရမယ်။
များနေရင် ဆေးချက်မီ မှာမဟုတ်ဘူး။ ဆေးချက် မီအောင် မနည်းလုပ်နေရတယ်။ ဒါမှမလုပ်ချင်ရင် ကျွမ်းထိုးမှောက်ခုံသွားဖို့သာ ပြင်ကြတော့လို့ မလုပ်ချင်တဲ့သူတွေအတွက် ပြောလိုက်ပါတယ်။ 
အရှင်ဇဝန (ဂမ္ဘီရဝိပဿနာ) ( မြဝတီ )
 Buddhavasa Tiloka. Credit to Thein Wai Sittwe.