Saturday, June 9, 2018

"ပါရမီတော်ဆယ်ပါး ဘုရားရှိခိုး"

 "ပါရမီတော်ဆယ်ပါး ဘုရားရှိခိုး"

 ယော ဇိနော အနေကဇာတိယံ ၊ သပုတ္တဒါရ မင်္ဂဇီဝိတမ္ပိ။
ဗောဓိပေမတော အလဂ္ဂမာနသော ၊ အဒါသိယေဝ အထ္ထိကဿ။
 ဒါနပါရမိံ တတောပရံ အပူရိ ၊ သီလပါရမာဒိကမ္ပိ။
တဿ မိဒ္ဓိယော ပယာတ မဂ္ဂတံ ၊ တ မေကဒီပကံ နမေ။

 ယောဇိနော - ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွှံံ့မထိတ်၊ ခြင်္သေ့စိတ်ဖြင့်၊ နင်းနှိပ်ကြိမ်ဖန်၊ အောင်ပွဲခံ၍၊ အောင်လံလွှင့်ထူ၊ အကြင်အောင်တော်မူ မြတ်စွာဘုရားသည်၊
 အနေကဇာတိယံ - တစ်နှစ်သုံးလေး၊ ဂဏန်းရေး၍၊ ချင့်တွေးမလွယ်၊ များကြွယ်လှစွာ၊
ဘဝါဘဝ၊ လေးသင်္ချေနှင့်၊ ကမ္ဘာတစ်သိန်းတို့၊ ကာလအတွင်း၌၊
 ဗောဓိပေမတော - ဗောဓိဉာဏ်ကြီး၊ ရွယ်တိုင်ပြီးသည့်၊ ထွတ်ထီးပဒါန်၊ သဗ္ဗညုတ ရွှေဉာဏ်ကို၊ ရရန်စိတ်ထား၊ လိုလား တောင့်တတော်မူခြင်းကြောင့်၊ 
သပုတ္တဒါရံ - ကိုယ်တော်ရင်သွေး၊ အသက်ပေး၍၊ ချစ်ရေးဖြာစီ၊ သည်းနှလုံးနှင့် ပမာမှီးရသည့်၊ ဇာလီ,ဂဏှာဇိန်တို့ကဲ့သို့သော သမီးသား၊ မဒ္ဒီဒေဝီတို့ကဲ့သို့သော၊ ဇနီးမိဖုရားနှင့်တကွဖြစ်သော၊
 အင်္ဂဇီဝိတမ္ပိ - မဟာသွေး မဟာရည်၊ ရာဇရုပ် ဂုဏ်အင်ညီ၍၊ ဖြိုးစည်သပ္ပါယ်၊ ကိုယ််အင်္ဂါ ကြီးငယ်နှင့်တကွ၊ လူတွင်အမြတ်၊ ခေါ်မှတ်တွင်ညောင်း၊ အသက်တစ်ချောင်းကိုပင်သော်လည်း၊
 အလဂ္ဂမနသော - ငါ့သား,ငါ့သမီး၊ ငါ့ဇနီးက၊ ငါ့ထီး ငါ့နန်း၊ ငါ့ကြငှန်းတည််၊ ငါ့သားရံရွှေ၊ ငါ့ရွှေငွေနှင့်၊ ငါ့မြေငါ့ယာ၊ ငါ့ဥစ္စာဟု၊ တဏှာမြှေးယှက်၊ မပေးရက်အောင်၊ ရမ္မက်ပိတ်ဖုံး၊ စိတ်နှလုံးမှ၊ ဆိတ်သုဉ်းတော်မူခဲ့သည်ဖြစ်၍၊
အတ္ထိကဿ - အလိုရှိလတ်၊ ချဉ်းလာကပ်သည့်၊ ယုတ်မြတ်မဟူ၊ အလှူခံပုဂ္ဂိုလ်၊ များထိုထိုအား၊
အဒါသိယေဝ - သဗ္ဗညုဉာဏ်၊ ရဖို့ရန်ဟု၊ စိတ်သန်ဖြူဖွေး၊ သဒ္ဓါရှေး၍၊ လှူပေးတော်မူခဲ့သည်သာလျှင်တည်း...။
 ဒါနပါရမိံ - အပြားသုံးလီ၊ ဒါနပါရမီတော်မြတ်ကိုလည်းကောင်း၊
 ဒါနပါရမိံ - ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီတည်းဟူသော၊ အပြားသုံးလီ၊ ဒါနပါရမီတော်မြတ်ကိုလည်းကောင်း၊
 တတောပရံ - ထိုဒါနပါရမီမှ၊ တမျိုးတခြား၊ တစ်ပါးသာလျှင်ဖြစ်သော၊ သီလပါရမာဒိကမ္ပိ - သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ ဥပေက္ခာပါရမီတည်ဟူသော၊ ပါရမီတော်မြတ်၊ အပေါင်းကိုလည်းကောင်း၊
အပူရိ - သဗ္ဗညုဉာဏ်၊ ရဖို့ရန်ဟု၊ စိတ်သန်ရည်စူး၊ သဒ္ဓါထူးဖြင့်၊ ဆည်းပူးဖြည့်ကျင့်တော်မူခဲ့လေပြီ...။
 တာသံ - ထိုပါရမီဆယ်ပါး၊ အကျယ်ပွားကာ၊ အပြားသုံးဆယ်၊ နှုန်းမလွယ်တို့၏၊
 ဣဒ္ဓိယာ - တစွန်းတစ၊ မကျန်ရအောင်၊ လောက်ငှကုန်လုံ၊ ပြည်စုံတော်မူခြင်းကြောင့်၊ 
အဂ္ဂတံ - ဗြဟ္မာနတ်လူ၊ သုံးဘုံသူတွင်၊ မည်သူမျှ မယှဉ်အပ် မယှဉ်နိုင်၊ မတုအပ် မတုနိုင်သည့်၊ အမြတ်ခေါင်မှူး၊ ပုဂ္ဂိုလ်ထူး၏အဖြစ်သို့၊
 ဥပယာတံ - ဆုကြီးပွင့်စည်၊ ခါတန်ပြီဟု၊ ပါရမီတော်၊ နှိုးပင့်ဆော်၍၊ ရောက်တော်မူကြီး၊ ရောက်တော်မူခဲ့လေပြီ၊ ဝါ - ရောက်တော်မူသောကြောင့်၊
 ဧက ဒီပကံ - အစမထင်၊ ကမ်းမမြင်ဘဲ၊ သံသရာတစ်ကြော၊ တစ်မျောတည်း မျောခဲ့ကြသည့်၊ လူရောနတ်ပါ၊ ဗြဟ္မာမကြွင်း၊ သတ္တဝါခပင်းတို့၏၊ ဝပ်စင်းခိုမှီးရာ၊ တစ်ခုတည်းသော၊ ကိုင်းကျွန်းကြီးသဖွယ်လည်း ဖြစ်တော်မူထသော၊
 တံ ဇိနံ - ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွံ့မထိတ်၊ ခြသေ့င်္စိတ်ဖြင့်၊ နင်းနှိပ်ကြိမ်ဖန်၊ အောင်ပွဲခံ၍၊ အောင်လံလွှင့်ထူ၊ ထိုအောင်တော်မူ မြတ်စွာဘုရားကို၊
 မယံ - တရားဟောပုဂ္ဂိုလ်၊ တရားနာပုဂ္ဂိုလ်ဆိုကြကုန်သော၊ ထိုထိုများစွာ၊ ငါးခန္ဓာကို၊ သူငါသမုတ်၊ အကျွန်ုပ်တို့သည်၊
 နမာမ - ကာယ,ဝစီ၊ မနောချီလျှက်၊ အဥ္ဇလီညွတ်လျှိုး၊ လက်အုပ်မိုး၍၊ ရှိခိုး ဦးညွတ်ကြပါကုန်၏၊ မြတ်စွာဘုရား၊
 နမာမ - ကိုယ်,နှုတ်,နှလုံး၊ သုံးပါးပျောင်းပျော့၊ မာန်ကိုလျှော့၍၊ ကန်တော့မြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုး ဦးညွတ်ကြပါကုန်၏၊ မြတ်စွာဘုရား...။ -
【တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ】
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
Posted by► www.facebook.com/youngbuddhistassociation.mm အပ္ပမာဒေန သမ္ပာဒေထ။ ။