"ဘုံဗိမာန်ကို အသစ်ဖန်တီးခြင်း"
ဒို့ စစ်ကိုင်းတောင်-ရေ-ဆိုပြီး လုပ်ငန်းစတယ်။၁၃၃၈-ခုနှစ်စတယ်။ အဲ့ဒီတုန်းက ရေဘယ်လိုသောက်လဲ ပြန်ကြည့်စမ်း မောင်အေးချို။ တောင် နံရံကြီးတွေကို အကုန်အချောကိုင် ဘေးက မိုးကာနဲ့ကာ။ အဲ့ဒီတောင်နံရံ ရေတလင်းပေါ်မှာ ကျတဲ့ မိုးရေကို စုပြီးတော့ ကန်ထဲထည့်လောင်ပြီးတော့ အဲ့ဒါလေး သောက်ရတယ်။အဲ့ဒီခေတ်ကြီးဟာ အကုန်လုံး ပျက်သွားပြီ။ရေတလင်းပြင်ကြီးတွေ အခု တောင်ရိုးပေါ်မှာ ပျောက်တောင် ကုန်ပြီးမို့လား။ ဘယ်သူမှ အရေးမထားတော့ဘူးလေ မိုးရွာရင် ။တော်လှန်ရေး တစ်ရပ်လုပ်လာတာ။ အဲ့ဒါတွေကို ပြန်စဉ်းစားကြည့်ရင် မင်းတို့ တတွေ စုဆောင်းထားတဲ့ ကုသိုလ်တွေက နည်းတာ မဟုတ်ဘူး။သူတော်စင်ပေါင်း(၅၀၀၀)ကျော်၊ နှလုံးစိတ်ဝမ်းအေးချမ်းအောင် ငါလုပ်ခွင့် ပြုစုခွင့်ရတယ်။ မကောင်းဘူးလား။
ဒီလိုနေရာမျိုးမှာ ဒီသီတဂူစီမံကိန်းထဲမှာ ဝင်နေလို့သာ ဒီအခွင့်အရေးတွေကို လုပ်ခွင့်ရတာ။ ဒီပြင်နေရာက လူတွေ ဒီအခွင့်အရေး လုပ်ခွင့်မရဘူး။အဲ့ဒါကြောင့် ဘဝသံသရာအတွက် စဉ်းစားရင် တစ်နေ့တစ်ရက်တည်း လုပ်ရတာလည်းမ ဟုတ်ဘူး။ တသက်လုံးလုပ်နေရတာ နည်းနည်းနှောနှော ကုသိုလ်ရိက္ခာတွေ မဟုတ်ဘူး။ ဘဝသံသရာအတွက် အထုပ်လိုက် ထုပ်ထားပြီးပြီ။ ဆေးရုံက တပည့်တွေလည်း ဒီတိုင်းပဲ။
ရဟန်းသာမဏေ သီလရှင်တွေကို ပြုစု လုပ်ကြွေးခွင့်ဆိုတဲ့ အခွင့်ကောင်းတွေ ဒီမှာမို့လို့ ရတာ။ဆေးခန်းမှာ သွားလုပ်ရင်တော့ ညစ်ပြီးတော့ ပိုက်ဆံတောင်းတဲ့ အဖြစ်မျိုး မတော်တဆရောက်သွားကြမယ် အဲ့ဒါ သတိပြုကြ။ ဒီမှာကတော့ ကုသိုလ်သက်သက်။ ကုန်ကျသမျှ ဘုန်းကြီးက အကုန်လုံး စုဆောင်းထားပေးတယ်။ ရေအလှူလည်း ဒီတိုင်းပဲ။ကမ္ဘာဗုဒ္ဓတက္ကသိုလ်က သံဃာ(၂၀၀)လောက် နေ့တိုင်းဆွမ်းကပ်ရတဲ့ ကုသိုလ် နည်းလား။
အဲ့ဒီတော့ ကုသိုလ်ရိက္ခာကို လုံလုံလောက်လောက် နေ့တိုင်းစုဆောင်းခွင့်ရနေကြတာ အဲ့ဒါကို အားလုံး သိရှိနားလည်ဖို့ လိုလိမ့်မယ်။ ကုသိုလ်ကောင်းမှု ပြုခွင့်ဆိုတာက ရခဲတယ်လေ။ ဒို့ရေအလှူတော် စီမံကိန်းစခါစက မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ နွားလှည်းကြီး အတူတူစီးပြီးတော့ ကလေးမြို့ တခွင့်က တစ်ရွာဝင်တစ်ရွာထွက် တရားသွားဟောတော့ လှည်းပေါ်မှာပြောကြတာ။ "သီတဂူဆရာတော်ရေ ကာမရဲ့ ကျေးကျွန်ဖြစ်ရတာ ဒီခန္ဓာပင်ပန်းတာ များလှပြီ။
ဒီကနေ့ ဒီဘဝမှာ သာသနာ့ကျေးကျွန်အဖြစ်နဲ့ ပင်ပန်းခံလိုက်ကြစို့။" ဆိုပြီး လှည်းကြီးတွေနဲ့ သွားပြီး ကလေးမြို့ တခွင့်မှာ ဒို့တရားဟောတာ။ အဲ့ဒီတော့ သားတွေ သမီးတွေ အားလုံး ဘဝမှာ မလွဲသာမရှောင်သာ နှစ်ယောက်အတူနေပြီးတော့ ချည်နှောင်ထားတဲ့ ကာမတဏှာတော့ ရှိကြတာပေါ့။ ။ကာမရဲ့ ကျေးကျွန်အဖြစ်နဲ့ ဘဝကို မဖြုန်းပစ်ကြနဲ့။
သာသနာကျေးကျွန်အဖြစ်နဲ့ ခန္ဓာကိုယ်ကို အသုံးချ ဒီခန္ဓာအဖိုးတန်တယ်။ အဲ့ဒါ ဘာလဲ ပညာ။ သဒ္ဓါ သီလ စာဂ ပညာ-လေးချက်။ သီတဂူစီမံကိန်းများ အားလုံးရဲ့ ခြေထောက်ကြီး လေးချောင်း။ သဒ္ဓါခြေထောက် အားလုံးခိုင်ကြပါစေ။ကိုယ့်ကျင့်တရား စည်းကမ်းပိုင်းကလည်း ခြေထောက်တစ်ချောင်း ကောင်းကောင်းထောက်ပါ။ ကိုယ့်ကျိုး ကိုယ့်စီးပွားစွန့်လွှတ်ပြီးတော့ သာသနာအကျိုးပဲ ဆောင်ရွက်မယ်ဆိုတဲ့ စွန့်လွှတ်လိုတဲ့ စိတ်ထားလည်းပဲ မွေးကြပါ။
ပညာ- ဒီသီတဂူစီမံကိန်းထဲမှာ ဆရာတော်ခြရင်းမှာ ဆရာတော်နဲ့ အတူတူ ဝိုင်းလုပ်ကြလို့သာ ဒီကုသိုလ်ထုပ်ကြီးတွေ ဒို့ရတာ။ ဒီလို စီမံကိန်းကြီးတွေမှ မလုပ်ဖြစ်ရင် ကာမဂုဏ် ရဲ့ ကျေးကျွန်အဖြစ်နဲ့ ဒို့ခန္ဓာဟာ ကျီးစာ လောက်စာ ဖြစ်မှာပဲ။ အဲ့ဒီ အသိဉာဏ်နာနာမွေးပြီး စီမံကိန်းကြီး လေးရပ်ကို အားလုံး ခြေထောက်လေးချောင်းကို ခိုင်ခိုင်ထောက်ပြီးတော့ ဆောင်ရွက်ကြပါဆိုတာကို ဒီကနေ့ သီတဂူတပည့်တွေ သားသမီးတွေရဲ့ ဝါကျွတ်ကန်တော့ပွဲမှာ ဒို့များ စကားလက်ဆောင် ကမ်းပါတယ်။ ရွှေဟင်္သာဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်ကပြောတယ်။
ဆရာတော်ဘုရားကြီး ကျန်းမာရေးဆေးစစ်ဖို့ ဒို့ဆေးရုံကို တစ်လတစ်ခေါက်လောက် ရောက်တယ်။ ဆရာကြီး ဦးထွန်းသွင် ရှိသေးတယ်။ ဆရာကြီးဦးမောင်မောင်အုန်းတို့လည်း ပဲ ဝင်ခါစ။ အဲ့ဒီတော့ ဆရာကြီး ဦးထွန်းသွင်က ကျန်းမာရေး စစ်ဆေး ultrasound တွေဘာတွေရိုက် ဆေးတွေဘာတွေပေး။ ငါက ဆရာတော်ကြီးရဲ့ လှည်းလေးတွန်းပြီး ဆေးရုံထဲ ပတ်ပြီး ကြည့်တော့ ဆေးရုံထဲ ကွက်လပ် တစ်နေရာကနေ ပုညရှင်လက်ညိုးထိုးပြတယ်။ သီတဂူဆရာတော် ဆေးရုံ မြေနေရာရွေးတာ တယ်အချိုးကျပဲ။ဆေးရုံထဲ အကွက်ကလည်း တယ်ကောင်းတာပဲ။
ပုံစံဒီဇိုင်းတွေ လှပတယ်။သပ်ရပ်တယ် ။ဆေးရုံဖွင့်တော့လည်း ဦးမောင်ကိုနဲ့ ဦးသောင်းတင်က တံခါးဆွဲဖွင့် ဆရာတော်ကြီးနဲ့ ငါက လမ်းလျှောက်ဝင်သွားပြီးတော့ ပရိတ်ရွတ်ပြီးတော့ဖွင့်တာ ဆေးရုံဖွင့်ပွဲက ဒါပဲ။ အိုးစည်ဗုံပေါင်း မပါဘူး။ရိုးရိုးလေး အဲ့ဒီဓာတ်ပုံတွေ အခုထိတောင် ရှိသေးတယ်။ ပြောတယ်ဆရာတော်ကြီးက "တာဝတိ ံ သာလောက် ဆရာတော် မမှန်းဘူးဆိုတာ ဒို့တော့ တွေးမိတယ်တဲ့ ဘယ်လောက်ထိ မှန်းသလဲ သီတဂူရေတဲ့ "ဒီလိုမေးတယ်။မပြောဘူး ရယ်နေတယ်။ တုဿီတာ-ကောင်းတယ်ကွတဲ့။ဆရာတော် ဘာဖြစ်လို့ ကောင်းလဲ ဘုရားအလောင်းတွေ နေတာ။ တုဿီတာမှာ။ဘုရားလောင်းတွေ နေတာ တုဿီတာ-မှာနေတယ်မှတ်ထား။ ဂေါတမဘုရားလောင်း တုဿီတာက ဆင်းတယ်မို့လား။
အရိမေတ္တယျဘုရားလောင်းလည်း အခုဘယ်မှာ ရှိလည်း။ Very Stability ကမ္ဘာမြေပေါ်က တိုင်းပြည်တွေလို ပြောရမယ်ဆိုရင် မင်းတို့တတွေ ကြားဖူးတာလောက်တော့ ရှိမှာပေါ့။ရောက်တော့ မရောက်ဖူးဘူး။ အမေရိကန်ဆိုလည်း ရုတ်ရုတ်ရက်ရက်နဲ့ လူမျိုးကို စုံလို့။ အင်္ဂလန်ဆိုလည်း လူမည်းတွေနဲ့ ဖရိုဖရဲ။ ဥရောပ ဂျာမဏီမှာဆိုလည်း ဆီးရီယားက မွစ္စလင်တွေနဲ့ ရုန်းရုန်းယက်ယက် ၊ ဂျပန်ဆိုလည်း ဘာသာမဲ့တွေနဲ့ ဖရိုဖရဲ Stability-ဖြစ်ပြီးတော့ လှလှပပနဲ့ နေချင်စရာကောင်းတာ ဥရောပမှာ ဆွစ်ဇာလန်ရှိတယ်။ ဆရာတော်ဘုရား မြေပြင်မှာတော့ ဆွစ်ဇာလန်နေချင်စရာကောင်းတယ်ပြောကြတယ်ဘုရား တပည့်တော်တို့လည်း အပေါ်ယံလောက်တော့ ရောက်ဖူးတယ်ဘုရား။ အေး ဆွစ်ဇာလန်လို နေမှာပေါ့ကွာတဲ့။ တုဿီတာ-နတ်ပြည်က သိပ်ပြီးတော့ တည်ငြိမ်ပြီးတော့ သပ်ရပ်လှပတယ်။အဲ့ဒီတော့ သီတဂူဆရာတော် တုဿီတာ-လောက် မှန်းသလားမသိဘူးတဲ့။ ဆိုတော့ ငါက ရွတ်ပြလိုက်တာ "ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု"ပါဘုရားဆိုတော့ ပြုံးနေတယ်။အေးကွာ ငါပြောတာ နည်းသွားပြီတဲ့။
ဒါပေမယ့် ဗောဓိဉာဏ်မရသေးလို့ နိဗ္ဗာန်မဝင်သေးခင်တော့ တုဿီတာ-မှာ နေမှ ကောင်းမယ်တဲ့။ ဆရာတော်ကြီးက။ဟေ့ သားတို့ သမီးတို့ ဘယ်သွားနေမလဲ တုဿီတာ- တူတူသွားနေကြရအောင်။ ရေ-ရော။ဆေး-ရော၊ တက္ကသိုလ်ရော ဒို့တပည့်တွေ အကုန်လုံး ဆရာတော်နဲ့ အတူတူ တုဿီတာ- သွားမယ်။ဘယ်လိုမှ သွားလို့ရသလဲ မှတ်ထား သဒ္ဓါရယ် သီလရယ် စာဂရယ် ပညာရယ်-လေးချက်ညီမှ သွားလို့ ရတယ် မညီတဲ့ကောင် ကျန်ရစ်ခဲ့လိမ့်မယ်။ ညှိထား။
ပြောသေးတယ်ဆရာတော်ကြီးက အဲ့ဒီတုသိတာနတ်ပြည်က ကြာပြီကွ ဟောင်းနေပြီ။ သီတဂူအဖွဲ့အတွက်ဆိုရင်တော့ တုဿီတာ- နတ်ပြည်ကို အသစ်ပြန်ဆောက်ရမယ်တဲ့ အမယ် ဆရာတော်က ဒီလိုတောင်ပြောတာ။ ဆရာတော်ကြီးတွေ အိုပေမယ့် စကားခေတ်မှီအောင်ပြောတတ်တယ်။ ဒို့ သီတဂူအဖွဲ့အတွက် တုဿီတာ-နတ်ပြည်ကို အသစ်ပြန်ဆောက်မယ် ငါ မောင်စိုးဝင်း လွှတ်လိုက်မယ် သွားဆောက်ကွာ။ပြီးမှ ဒို့ပြောင်းကြရအောင် (ပြံုးတော်မူလျှက်) လူပြည့်ကတော့ ဘင်္ဂါလီနဲ့ကို ဆူပွက်ညံနေတာပဲ။ တုဿီတာ- သွားနေတာပဲကောင်းတယ်။ ဘင်္ဂါလီသံညံနေတယ်ကွာ ဒီမှာ သိပ်မကောင်းဘူး။ငါစောစောက ဗမာပြည်အကောင်းဆုံးပဲ ပြောထားတာ အခုမကောင်းတော့ဘူး။
ဘင်္ဂါလီလား ရိုဟင်ဂျာလား ဟာဆူပွက်ညံနေတာပဲ တစ်ကမ္ဘာလုံး အကောင်းမပြောဘူး။ အဲ့ဒီတော့ နိဂုံးချုပ်ကတော့ ဒို့စာပေသမိုင်းကို ဖတ်ကြည့်ရင် နတ်ပြည်တော့ စောစောက ငါးထပ်ပဲရှိတယ်။၆-ထပ်မဟုတ်ဘူး။ တာဝတိ ံသာဆိုတဲ့ နတ်ပြည်မရှိဘူး။မြင်းမိုရ်တောင်ထပ်မှာ တာဝတိ ံသာ ဆိုတဲ့ နတ်ပြည် မရှိဘူး အသူရာ-ဆိုတဲ့ နတ်ပြည်ပဲ ရှိတယ်။
အ-ဆိုတဲ့ စာလုံးကို အလွန်အကျွံလို့ အဓိပ္ပာယ်ယူမယ်။ သူရာ-ဆိုတာက အရက်။ အသူရာ- အရက်အလွန်အကျွံသောက်တဲ့ နတ်ကို အသူရာ။ ခေါ်တယ်မှတ်ထား။မင်းတို့ထဲမှာ အသူရာတွေ တစ်ကောင်မှ မပါစေနဲ့။ အဲ့ဒီအသူရာနတ်ပြည်ကို ဘယ်သူရောက်သွားသလဲဆိုတော့ မာဃ-တို့အဖွဲ့ ရောက်သွားတာ။ ဘယ်ကသွားတာလဲ မဆလ-ရွာ။အိမ်ခြေ (၁၀၀၀)ရှိတဲ့ရွာမှာ မာဃ-က သူကြီး။ ရွာက ဘယ်လောက် စုတ်သလဲဆိုရင် တစ်ရွာလုံး အိမ်သာ တစ်လုံးမှ မရှိဘူး။
သစ်ပင်ကျို သစ်ပင်ကြား ဒီလိုပဲ အလေးတွေသွားနေကြတာ။ အဲ့ဒီလောက် Underdeveloped ဖြစ်နေတဲ့ရွာကို fully developed ဖြစ်အောင် မာဃ-လုပ်တာ။ စစ်ကိုင်းတောင်ရဲ့ အနေအထားကို ဒို့များ ကြိုးစားခဲ့တာ။၁၃၃၈-ခုနှစ်က စကြိုးစားတာ မီးဟေ့ဆိုရင် ခရမ်းချဉ်းသီးလောက်ပဲ ရှိတယ်။ အခုဆေးရုံနဲ့ တက္ကသိုလ်ကြားက လမ်းဆိုတာ ဆေးရုံနေရာက နံနက်တောသုဿန်ကြီးပဲ။တက္ကသိုလ်နေရာက ဆူးရိပ်တောကြီးပဲ။ အခုမော်တော်ကားသွားနေတာက လှည်းလမ်းလေးပဲ ။
ပုညရှင်တက်တဲ့ မော်တော်ကားလမ်း ဘယ်ရှိမလဲ။ အဲ့ဒါတွေကို ဘယ်သူလုပ်သလဲ ။ လူဆိုတာဟာနော် Initiated ရှိရမယ်။ Created Powerရှိရမယ်။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ။ ဗိုလ် ငါးပါး။Energy ငါးပါး။ အားကောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ ကောင်းကင်ဘုံကြီးကိုတောင်မှ ဖန်ဆင်းလို့ရတယ်။ အဲ့ဒါကြောင့် တစ်ရွာလုံး အိမ်သာတောင် မရှိတဲ့ရွာ။စည်းရိုးမရှိတဲ့ရွာ။
အကုန် အိမ်သာတွေဆောက်၊ လမ်းတွေပြင် ရေတွင်းတွေတူး လမ်းတွေဖောက် အစည်းအဝေးခန်းမဆောင်ဆောက် သုဓမ္မာဓမ္မာ-ဆိုတာ ဒါမျိုးကြီး။ဘယ်သူလုပ်တာလဲ မာဃ။ သူ့ဦးဆောင်မှုအောက်မှာ တိုးတက်ဖို့ရာလုပ်ဖို့ အိမ်ခြေ(၁၀၀၀)ရှိတဲ့ရွာမှာ လူ ၃၀-ပဲရတယ်။ဒီလိုပဲ တိုင်းပြည်နဲ့ သာသနာတော်အတွက် အလုပ်လုပ်ချင်တဲ့ လူဘုန်းကြီး နည်းနည်းပဲ ရှိတယ်။မလုပ်ချင်ကြဘူး။ဖြစ်သလိုနဲ ့ ကြံုသလိုလေးပဲ အေးအေးဆေးဆေးလေးပဲ ဒီလိုလေးသွားချင်ကြတယ်။မရဘူး။
အဲ့ဒီတော့ တိုအောင်ချုံး မာဃ-တို့အဖွဲ့ ဘဝပြောင်းတော့ အသူရာ-နတ်ပြည်ရောက်သွားတာ။ တာဝတိ ံသာ-မရှိသေးဘူး။အသူရာတွေက ဟာ ဧည့်သည်တွေလာပြီ ဘယ်ကလဲမသိဘူး ဧည်ခံကြရအောင် ဆိုတော့ အရက်နဲ့ ဧည့်ခံတာ။မရက်မသောက်ဘဲ အကုန်သွန်ပစ်ပြီးတော့ သူ့လူတွေကို တစ်လုံးထဲ သတိပေးတယ်။၃၃-ယောက်။ အပ္ပမာဒေန သမ္ပာဒေထ- You must control yourself under the power of mindfulness. မင်းတို့ ဘဝကို သတိနဲ့ထိန်းပြီးတော့ နေကြ။ ၃၃-ယောက် အရက်မသောက်ဘူး။ဧည့်ခံပွဲ ကျင်းပတဲ့ အသူရာတွေက အရက်တွေမူးပြီး အမူးလွန်ပြီး အတုံးအရုန်းလဲကုန်တာ။ အဲ့ဒီအမူးလွန်လဲနေတဲ့ အသူရာတွေကို ၃၃-ယောက်က ခြေထောက်ကိုင် ကြိုးနဲ့တုပ်ပြီး မြင်းမိုရ်တောင် ထပ်ကနေပစ်ချတာ။
ပင်လယ်ကမ်းခြေက လက်ပန်တော သခွပ်တော အကုန်ရောက်ကုန်တယ်။ သတိထားကြ မသောက်ကြနဲ့ လက်ပန်တော အကုန်ရောက်ကုန်မယ်။ ဆေးရုံမှာနေပြီးတော့ အရက်မသောက်နဲ့ ဗုဒ္ဓတက္ကသိုလ်မှာနေပြီး အရက်မသောက်နဲ့ ခြေနှစ်ချောင်း ကြိုးနဲ့တုပ်ပြီး အကုန်ပစ်မယ်။သတိထား။
ငါက မပစ်တောင် တဖြည်းဖြည်းနဲ့ အဲ့ဒီကောင်က အလိုလို လူ့လောကအပြင်ကို ရောက်ပြီးသားဖြစ်သွားလိမ့်မယ်။ တဖြည်းဖြည်းLoneliness ဖြစ်သွားမယ်။ အဲ့ဒီတော့ အသူရာနတ်ပြည်ကြီးကို အကုန်ဖျက်သိမ်းတဲ့ပြီးတော့မှ နတ်ပြည်အသစ်ဆောက်တာက မာဃ-ကွ ဟေ့ကောင်တွေ။
အသူရာနတ်တွေက တောင်ခြေကိုရောက်သွားတယ်။တောင်ထိပ်မှာ တာဝတိ ံသာ နတ်ပြည်သစ်ဆောက်တယ်။ တာဝတိ ံသာ-ဆိုတာ ၃၃-လို့ အဓိပ္ပာယ်ရှိတယ်။ အသူရာတို့ရဲ့ နတ်ပြည်ကို တာဝတိ ံသာ ပြောင်းတာ ဒါပါပဲကွာ။ If you have created power, you can create even your heaven. မင်းတို့မှာ created power- တာရှိမယ်ဆိုရင် မင်းတို့ ကောင်းကင်ဘုံကိုလျှင်ပင် မင်းတို့ ဖန်ဆင်းနိုင်တယ်။ အသူရာကို မာဃာက တာဝတိ ံသာ- လုပ်တယ်။ ဒို့က နံနက်တောသချိုင်းကြီးကို ဘာပြောင်းလဲ အာယုဒါနဆေးရုံ။ဆူးတောကြီးကို ဗုဒ္ဓတက္ကသိုလ်။
နံနက်တောသချိုင်းထဲ ဖြတ်သွားတဲ့ လှည်းလမ်းလေးကို ဘာလုပ်လဲ ကတ္တရာလမ်းလုပ်ပြီး ပုညရှင်တက်ကြတယ်။ ကဲ နတ်ပြည်အသစ်ဆောက်ဆိုတာကို - ရွှေဟင်္သာဆရာတော်ဘုရားကြီးပြောတာကို သတိရလို့ နတ်ပြည်ကို အသစ်ဆောက်တဲ့သူ တကယ်ရှိတဲ့အကြောင်း ငါပြောပြတာ။
အဲ့ဒီထဲမှာ အကုန်ပါဝင် ပူပေါင်းပြီးတော့ ဘယ်နတ်ပြည်သွားကြမလဲ တုဿီတာ-အကုန်သွားကြရအောင် အားလုံး (၄)ချက် ညှိရမယ်။ အားလုံးဆို ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။ အရှင်ဘုရား သဒ္ဓါ သီလ စာဂ ပညာလေးရပ်ညီစွာ။
ပေါင်းစု၍ သီတဂူ သာသနပြု လုပ်ငန်းများ၌ ဆောင်ရွက်ကြကုန်သော သီတဂူ၏ တပည့် သားသမီး အပေါင်းတို့သည် ဆရာတော်၏ ခြေတော်ရင်း၌ တောင်ရိုးပျော် သူတော်ကောင်းတို့ကို သဒ္ဓါ သီလ စာဂ ပညာ လေးချက်ညီစွာ ထားရှိကြ၍ ကောင်းမွန်ရိုသေစွာ ပြုစု လုပ်ကျွေးကြပါကုန်၏ ဤကောင်းမှုသည် ဗောဓိဉာဏ်၏ အထောက်အပံ့ဖြစ်ပါစေသတည်း ။ဤ ကောင်းမှု ကုသိုလ်အဖို့ကို (၃၁)ဘုံ ကျင်လည်ကုန်သော နတ်လူ ဗြဟ္မာ သတ္တဝါအပေါင်းတို့အား ရကြပါစေ အမျှဝေ၏ စစ်ကိုင်းတောင် သာသနာတော်ကို စောင့်ရှောက်ကြကုန်သော တောင်ဖီလာဆရာတော် ရုက္ခစိုးနတ်မင်းကြီးမှ အစပြု၍ နတ်အပေါင်းတို့အား ကြားကြပါစေ အမျှဝေ၏ ကြားကြားသမျှ ကုသိုလ်ဝေစု အရယူ၍ ဝမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ပါစေသော်ဝ်။
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော....
သာဓု သာဓု သာဓု
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော....
သာဓု သာဓု သာဓု
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော....
သာဓု သာဓု သာဓု
_/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_
2. 10. 2017 သီတဂူတပည့်မိသားစုုအားလုုံးက ကျေးဇူးရှင်သီတဂူဆရာတော်ဘုုရားကြီးကုုိ နံနက်ခင်း ကန့်တော့ခြင်း အခမ်းအနား သြဝါဒမှ
ဤဓမ္မဒါနကို အသံဖိုင်မှရေးသားရေသောကုသိုလ်ကြောင့် ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။
Credit --- Pay Thoe