မြတ်သောဥစ္စာ - ‘သီလ’
★ နံပါတ်(၂) မြတ်သောဥစ္စာမှာ သီလဖြစ်တယ်၊ သီလဆိုတာ ကိုယ်ကျင့်တရားဘဲ၊ စည်းကမ်းဘောင်အတွင်းက ပြောဆိုခြင်းနှင့် ပြုလုပ်ခြင်းလို့ ဆိုရမယ်၊ သဒ္ဓါရှိရင် သီလလည်း ရှိတတ်တာမို့လို့ မြတ်စွာဘုရားက ဆက်ဟောတာ။★ ကိုယ်ကျင့်တရား ကောင်းလာရင် ပစ္စည်းဥစ္စာလည်းပဲ ထိုပုဂ္ဂိုလ်ထံမှာ မြဲလာမယ်၊
ပစ္စည်းဥစ္စာ ချမ်းသာသော်လည်းပဲ ကိုယ်ကျင့်တရား မကောင်ဘူးဆိုရင်တော့ ထိုပစ္စည်းဥစ္စာတွေဟာ အဲဒီပုဂ္ဂိုလ်ထံမှာ မမြဲတတ်ဘူး။
★ ကိုယ်ကျင့်သီလ ပျက်ပြားတဲ့ပုဂ္ဂိုလ်ဟာ စီးပွားဥစ္စာ ပျက်ပြားသွားတယ်ဆိုတာ လောကမှာ မြင့်တွေ့နိုင်တယ်။
ငါးပါးသီလ
★ ကိုယ်ကျင့်တရားဆိုတဲ့ နေရာမှာ လူတွေမှာ ဘာအရေးကြီးသလဲဆိုရင် ငါးပါးသီလပေါ့၊ တစ်ချို့က ငါးပါးသီလကို တစ်ပါးလောက်စောင့်ရင် ပြီးတယ်၊ နှစ်ပါးလောက်စောင့်ရင် ပြီးတယ်၊ ဒီလို ထင်ကြတယ်၊ မဟုတ်ဘူး။
★ ငါးပါးသီလဟာ တစ်ပါးမှ လျှော့စရာ မရှိဘူးနော်၊ အားလုံး ပြည့်စုံအောင် စောင့်နိုင်ရင်စောင့်၊ မစောင့်နိုင်ဘဲ တစ်ပါးသီလ နှစ်ပါးသီလတို့ ဆိုရင်တော့ ကျန်တဲ့ဥစ္စာတွေက ဒုက္ခပေးမှာ သေချာတယ်။
★ ငါးပါးသီလကို “၀ါရိတ္တသီလ” လို့ခေါ်တယ်။ ၀ါရိတ္တသီလဆိုတာ တားမြစ်ထားတာ၊ မလုပ်ရဘူး။ ဘာဖြစ်လို့ မလုပ်ရသသလဲဆိုတာ စဉ်းစားကြည့်ပေါ့၊ မီးကို ကိုင်ရင် မပူဘူးလား၊ ပူမှာပေ့ါ၊ ဘယ်သူကိုင်ကိုင် ပူမှာဘဲ။
★ ထို့အတူပဲ ငါးပါးသီလကို လွန်ကျူးရင်တော့ ဘယ်သီလကိုပဲ ကျူးလွန်ကျူးလွန်၊ ထိုသီလကို ကျူးလွန်တဲ့ အပြစ်ကို ခံရမှာပဲ၊ ငါးပါးသီလနဲ့ ပတ်သက်ပြီးတော့ လူတိုင်းသိကြပါတယ်။
ပါဏာတိပါတာ
★ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိ” - ဆိုတာ သူများအသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏တဲ့၊ သူများအသက်ကို သတ်ခြင်းမှ ရှောင်ရုံနဲ့ ပြီးရောသလားဆိုတော့ မပြီးသေးဘူးနော်။ ရှောင်ရုံရှောင်တယ်ဆိုတာ အဆင်မပြေရင် မရှောင်ဘူးဆိုတာ ရှိလာဦးမယ်၊ ရှောင်ကြဉ်တယ်ဆိုတာ မလုပ်သင့်တာကို မလုပ်ခြင်းဖြစ်တယ်။
အဒိန္နာဒါန
★ “အဒိန္နာဒါန” - ဆိုတာ သူများ ပစ္စည်း မခိုးဘူး၊ ဒါတင် မပြီးသေးဘူး၊ သူများပေးတာနဲ့သာ ကျေနပ်တယ်၊ ပေးတာကိုသာ ကြိုက်တယ်၊ သူများပစ္စည်းကို သိ၍ဖြစ်စေ၊ မသိဘဲဖြစ်စေ လုံးဝမယူဘူး၊ အဲဒါမှသာ အဒိန္နာဒါန လုံတယ်လို့ ခေါ်တယ်။ လုံးဝကို သန့်ရှင်းရမယ်။
ကာမေသုမိစ္ဆာစာရ
★ “ကာမေသု မိစ္ဆာစာရ” - နဲ့ ပတ်သက်ရင် အမျိုးသားတွေ အတွက်ကတော့ အမျိုးသမီး(၂၀)နဲ့ လုံးဝ မလွန်ကျူးရဘူး၊ အမျိုးသမီးတွေ အတွက်ကတော့ ကိုယ်ရဲ့ အိမ်ထောင်ဘက် ခင်ပွန်းကလွဲပြီး မလွန်ကျူးရဘူး။ ဒါကတော့ ထင်ထင်ရှားရှား ရှိတယ်နော်၊ စည်းကမ်းချက် သတ်မှတ်ထားတဲ့အတိုင်းဖြစ်တယ်၊ အခြားသူဆိုရင် စိတ်နဲ့တောင်မှ မပြစ်မှားရဘူး ဆိုတာအထိမှ လုံခြုံတယ်လို့ခေါ်တယ်။
မုသာဝါဒ
★ “မုသာဝါဒ” - ဆိုတာ လိမ်မပြောဘူး၊ ဒါပေမယ့် မှန်တာကို မပြောဘူးဆိုရင်တော့ မပြည့်စုံသေးဘူး၊ မလိမ်ဘူး မှန်တာကိုသာ ပြောတယ်ဆိုမှာ ပြည်စုံတယ်။
သုရာမေရယ
★ “သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ” - ဒီ သိက္ခာပုဒိကို စောင့်ထိန်းတဲ့ နေရာမှာလညး် ခြွင်းချက် မရှိစေရဘူး။ တစ်ချို့ကတော့ ဆေးဖြစ် ၀ါးဖြစ်လေး ဆိုပြီးတော့ သောက်ချင်ကြသေးတယ်။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်တယ်တဲ့။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏
“မြတ်သာဥစ္စာ စုဆောင်းပါ” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu