၀ိပဿနာနည်းဖြင့် ကမ္ဘာကို သာသနာပြုခဲ့သူ
ယနေ့ခေတ် ၀ိပသနာနည်းဟာ မြန်မာ ဗုဒ ္ဓဘာသာဝင်တွေ အကြား ရေပန်းစားနေတဲ့ နည်းပင်ဖြစ်ပေ၏။ ၀ိပသာနာခေတ်လို့ပင် ပြောဆိုကြလေ၏။ သို့သော် ထိုဗုဒ ္ဓမြတ်စွာဘုရားရဲ့ ၀ိပသနာနည်းကို မြန်မာဗုဒ ္ဓဘာသာတွေအကြား ကျန်ရှိခဲ့အောင် လုပ်ဆောင်ခဲ့သူ (တနည်း) ၀ိပသနာနည်းဖြင့် ကမ္ဘာကို သာသနာပြုခဲ့သူ ဘယ်သူလဲလို့ မေးရင်တော့ အနည်းစုသာ ဖြေနိုင်ကြပြီး အများစုကတော့ မိုးကုတ်ဆရာတော်သာသိပြီး သမိုင်းအမှန်ကို ဖြေနိုင်ခြင်း မရှိပေ။ ဒါကြောင့် ဒီသမိုင်းလေးကို ရေးသားမျှဝေပေးလိုက်ရပါသည်။၀ိပသနာဆိုတာ သီပေါမင်းလက်ထက်မှာ ပေါ်ထွန်းခဲ့လေသည်။ ထိုဝိပသနာကို ဖော်ဆောင်ပေးခဲ့သူကတော့ ဂုဏ်ယူစရာ မြန်မာရဟန်းတော် ဆရာတော်ကြီးတစ်ပါးပင် ဖြစ်လေ၏။ ဆရာတော်ကြီးက ၀ိပသနာ ဒီပနီကျမ်းကို စတင်ရေးသားခဲ့ပြီး၊ ဒီကျမ်းကို ရေးသားခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကို သာသနာပြုမလို့အတွက် ရေးသားခဲ့ခြင်း ဖြစ်လေ၏။
ကမ္ဘာမှာ ပါဠိတွေ သွားသင်လို့ တိုးနိုင်မှာ မဟုတ်ဘူးဆိုတာ သူသိခဲ့သည်။ ဘာ့ကြောင့်လဲဆိုတော့ သူ့ထက် ကမ္ဘာမှာ ပါဠိတတ်တဲ့သူတွေရှိနေတယ်။ အဲဒီအချိန်တုန်းက အင်္ဂလန်နိုင်ငံမှာ ပါဠိအသင်းတော်ကြီးဆိုတာကို ရိုက်စ်ဒေးဗစ် ဆိုသူကထူထောင်ထားနှင့်လေပြီးဖြစ်၏။
ထို ရိုက်စ်ဒေးဗစ် ဆိုသူဟာ တကယ်တော့ ခရစ်ယာန် ဓမ္မဆရာတော်တစ်ပါးရဲ့ သားပင်ဖြစ်ပြီး ငယ်ငယ်က အင်မတန်ဉာဏ်ကောင်းသူဖြစ်သည့်အတွက် ဖခင်က (မင်း ဗုဒ ္ဓဘာသာ ကို သေသေချာချာလေ့လာကွာ ပြီးရင် ခရစ်ယာန်ရှု့ထောင့်ကနေ အကုန်ဖျက်စီးပစ်လိုက်စမ်းကွာ)ဟု ခိုင်းလေ၏။
သားဖြစ်သူကလဲ ဖခင်စကားကို သေချာနားထောင်ပြီး မူရင်းပါဠိ(မာဂဓ)ကို သေသေချာချာ လေ့လာခဲ့တယ်။ လေ့လာရင်းနဲ့ သူ့အဖေ ရည်မှန်းတဲ့သူ ဖြစ်မလာဘဲ ဗုဒ ္ဓဘာသာကို သက်ဝင်ယုံကြည်သူတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ ဒီလောကမှာ ဒီထက်ကောင်းတဲ့ဘာသာ ကျုပ်တစ်သက်မှာ တခုမှ မတွေ့ဘူးပါဘူးဟု ဝန်ခံကာ ရဲရဲတင်းတင်း ဗုဒ ္ဓဘာသာအဖြင့် ခံယူလိုက်လေ၏။ ထိုနောက် ရိုက်စ်ဒေးဗစ်ဟာ ပါဠိစကားလုံးမှန်သမျှကို အင်္ဂလိပ်သာသာဖြစ် အကုန်ဘာသာပြန်ရေးတော့၏။
(ပါဠိကို မြန်မာလိုရေးတာသည် အသံထွက်မမှန်ဘဲ အင်္ဂလိပ်လို ရေးမှသာ အသံထွက်မှန်သည်။ မြန်မာပါဠိအသံထွက်သည် မူရင်းပါဠိအသံထွက်မဟုတ်ဘဲ အင်္ဂလိပ်အသံထွက်သာလျှင် မူရင်းပါဠိ အသံထွက်ဖြစ်သည်။) ရိုက်စ်ဒေးဗစ်နဲ့သူ့မိန်းမဟာ ပိဋိကတ်သုံးပုံစလုံးကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားလိုက်၏။ ထိုအချိန်က မြန်မာနိုင်ငံတွင် ဆဠသံဃာရဏာမတင်ရသေးတဲ့အတွက် မြန်မာပြန်ပိဋိကတ်တွေ မပေါ်သေးဘူး။ ဒါကြောင့် ဆရာတော်ကြီးက ကမ္ဘာမှာသွားပြီး ပါဠိနဲ့ သာသနာပြုလို့ ရမှာမဟုတ်ဘူးဆိုတာသိပြီး ၊ ပဋိပတ္တိဖြင့် သာသနာပြုရန်ဆုံးဖြတ်လိုက်ပြီး ၀ိပသနာ ဒီပနီကျမ်းကို ရေးလေတော့၏။ ပရမတ္ထသံခိတ်ကျမ်းဆိုတာကို ရေးခဲ့သည်။ ပရမတ္ထသံခိတ်ဆိုတာ သငြ်္ဂိုလ်ကိုပြန်ရေးတာ။ အဲမှာဘာရေးလိုက်လဲဆိုတော့ ...။ (ပဋိစ္စသမုပ္ပါဒ်ကို အတတ်ထင်ထင် ပိုင်ပိုင်မြင်မှ သင်္ခါယုံမှား၁၆ပါးနှင့် ၈ပါးဝိစီ ဒိဠိဖြာဖြာ လွင့်စဉ်ကွာတယ် သင်္ခါ၀ိသတနဝိသုတ်ဓိကို ရောက်တယ်) လို့ရေးပါတယ်။ သင်္ခါ၀ိသုတ်ဓိကိုရောက်ရင် ဒိဠိကွာပြီး၊ အဲလိုဒိဠိကွာဖို့အတွက် ပဋိစ္စသမုပ္ပါဒ် ကို ပိုင်ပိုင်မြင်ရမယ်လို့ မူချပြီး ဆိုခဲ့သည်။
ဆက်လက်ပြီး ပဋိစ္စသမုပ္ပါဒ်ဒီပနီ၊ ပဋိစ္စသမုပ္ပါဒ်လကာင်္ ဆိုပြီးတော့ စာအုပ်တွေ အများကြီးရေးပြီး သာသနာပြုခဲ့တယ်။ ထိုဆရာတော်ကြီးကတော့ လယ်တီဆရာတော်ကြီးပင် ဖြစ်လေတော့၏။ ဆရာတော်ကြီး အရှေ့က ချသွားတဲ့မူကို တခြားပုဂ္ထိုလ်တွေက မလိုက်ဘဲ မိုးကုတ်ဆရာတော်ကြီးတစ်ပါးသာ လိုက်ခဲ့သည်။ ၀ိပသနာအလုပ်လုပ်ရင် ပဋိစ္စသမုပ္ပါဒ် မပါရင်မဖြစ်ဘူးဆိုတာကို လယ်တီဆရာတော်ကြီး သိသလို မိုးကုတ်ဆရာတော်ကြီးလဲ ကောင်းစွာ နားလည်သိလေ၏။
(မြတ်စွာဘုရားပင်လျှင် ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်လိုက်တော့မှ ဘုရားအဖြစ်ကို ရောက်ခဲ့လေသည်။) မိုးကုတ်ဆရာတော်ကြီးရဲ့ လက်ထက်မှာတော့ သူများနှင့်မတူ တမူထူးခြားပြီး ပြောင်မြောက် အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။ မိုးကုတ်ဆရာတော်ကြီးသည် လယ်တီဆရာတော်ကြီး၏ ခြေရာကို တထပ်တည်းကျအောင် လိုက်နိုင်ခဲ့သူဟုလည်း ကမ္ဘာ့ဗုဒ ္ဓဘာသာဝင်တွေ အကြား လက်ခံထားခဲ့ကြပါသည်။
ဒီကနေ့ သူတော်ကောင်းအပေါင်းတို့ ကျင့်ကြံအားထုတ်နေကြသော ၀ိပသနာနည်းသည် မူရင်းပိုင်ရှင်ဖြစ်တော်မူသော ဗုဒ ္ဓမြတ်စွာဘုရား၏ ဓမ္မတွေထဲမှ လယ်တီဆရာတော်ကြီးက ကမ္ဘာကို ထိုနည်းဖြင့် သာသနာပြုခဲ့သူ မြန်မာရဟန်း ဆရာတော်ကြီးတပါးပင် ဖြစ်ခဲ့သော်လည်း ဆရာတော်ကြီး၏ သမိုင်းနှင့် သိမ်၊ ကျောင်း၊ဇရပ်တို့ကိုပါ ဖျက်ဆီးခဲ့ကြပြီး ဖြစ်လေတော့၏။
ဆရာတော်ကြီးသည် ပျဉ်းမနားတွင် ခန္တာဝန်ချပြီး ကိုရင်ကြီးတစ်ပါးကို မသေခင်မှာ မှာခဲ့တာက (ငါသေရင် မုံရွာနဲ့ ပျဉ်းမနား အလောင်းလုပြီးရန်ပွဲ ဖြစ်ကြလိမ့်မယ် ဒါကြောင့် ငါ့အလောင်းကိုယူပြီး မီးရှို့ပစ်လိုက်လို့ မှာခဲ့တဲ့အတွက် တကယ်ဘဲ အလောင်းလုပွဲဖြစ်လာတော့ ကိုရင်ကြီးဟာ ဆရာတော်မှားထားခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့တဲ့အတွက် မိုးကုတ်ဆရာတော်ကြီးလို ဓါတ်တော်တွေလည်း သမိုင်းမှာမကျန်ရစ်ခဲ့ပေ။
ကိုရင်ကြီးဟာ ဒီအကြောင်းကို ဆရာကြီးဦးမြင့်ဆွေနှင့် ဆရာကြီးဦးကြီးခင်ဆိုတဲ့ လယ်တီဆရာတော်အကြောင်းကို သုသေသနပြုသူ ဆရာကြီးနှစ်ယောက်ကိုသာ ပြောပြခဲ့လေ၏။ သူတော်ကောင်းအပေါင်းတို့ကလည်း ကျေးဇူးကြီးခဲ့တဲ့ ဆရာတော်ကြီး၂ပါး၏ မူကို အခြေခံပြီး အပ္ပါယ်တံခါးပိတ်နိုင်အောင် ဒီဘဝမှာဘဲ ကျင့်ကြံ အားထုတ် ပွားများပြီး သံသရာကနေ ဘဝတိုတိုဖြင့် လွတ်နိုင် ကျွတ်နိုင်ကြသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုတိုက်တွန်းရင်း အဆုံးသတ်လိုက်ပါသည်။
ဆွီဒင်နိုင်ငံ ပါဠိအရေးအသားမှားယွင်းမှုရှိပါက စာရေးသူတွင်သာ တာဝန်ရှိပါတယ်။
ကိုးကား.....အရှင်အာဒိစ္စရံသီ(၁၉၃၈ - ၂၀၀၂) ဦးဆန်းလွင်
Credit --- Ahtar Tbzt