ညီညွတ်ရေး
"ဒုဋ္ဌဂါမဏိ" BC 161-မှာ ဘုရင်ဖြစ်တာ BC-137 မှာ နတ်စွာစံတယ်။ နန်းစံသက် -၂၄နှစ်ရှိတယ်။ဘယ်မင်းပြောသလဲဆိုရင် သီဟို၌ကျွန်းက ဒုဋ္ဌဂါမဏိမင်း။ အဲ့ဒီ Data လေးမှတ်ထား၊အဲ့ဒီမင်းရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ချင်ရင် မဟာဝံသ-ဆိုတဲ့ကျမ်း။ သီဟိုဠ်ကျွန်းက ရေးတာ။ မဟာဝံသကို- မဟာဝင်လို့ပဲ ဗမာဆရာတော်ကြီးတွေ ဖတ်ကြတယ်။ ဝင်ကိုးဝင်-ကျမ်းရှိတယ်။မဟာဝင်ဆိုတဲ့ ကျမ်းစာကို ဖတ်။ ကျီးသဲလေးထပ်ဆရာတော်ကြီး ဘာသာပြန်ထားတာ။ မဟာဝင်ဝတ္ထု၊ အဲ့ဒီမှာဖတ်။အင်္ဂလိုဘာသာပြန်လည်း ရှိတယ်။ Pali text Society လန်ဒန်က ပြန်တာ။ Great Chronicle- ဆိုပြီး သူတို့ဘာသာပြန်တယ်။ ဘီစီ(၁၀၁)-မှာ မင်းဖြစ်တယ်။ အဖေက ကာကဝံဏတိဿ။ကာကဝံဏတိဿ-ရဲ့သား။ သီရိလင်္ကာနိုင်ငံမြေပုံကို ဒီကနေ့ မှန်းပြီးတော့ ကြည့်ကြည့်လိုက်နော်။
သစ်ရွက်ကလေးလိုပဲ မြောက်ဘက်အဖြားလေးက ချွန်ပြီးတော့ အဲ့ဒီချွန်ချွန်လေးက အိန္ဒိယပြည်ကြီးရဲ့ အရှေ့တောင်ဘက်က မဒ္ဒရပ် တမီနာဒု (Tamil Nadu) ပြည်နယ်ထဲကို ဦးတည်နေတယ်နော်။ ကမ္ဘာမြေပုံကို သေချာကြည့်ကြည့် တိုက်ခိုက်ရေး ကျောင်းသားတွေပဲကွာ မြေပုံကတော့ နိုင်ပြီးသား ဖြစ်ရမှာပေါ့။ ဗမာ့စစ်ရဲ့မြေပုံတင် မကဘူး။ ကမ္ဘာ့စစ်ရဲ့ မြေပုံတွေပါ လေ့လာရမယ်။ အဲ့ဒီတော့ လွန်လေပြီးတော့ နှစ်ပေါင်းဘယ်လောက်ကလဲ ။
နှစ်ပေါင်း(၂၀၀၀)ကျော်က အကြောင်းအရာ ဒို့ ပြန်ပြောတာ။ သီရိနိုင်ငံမြေပုံရဲ့ မြောက်ဘက်ကို ချွန်းပြီးတော့ သွားတဲ့ အစွန်းလေး၊ အဲ့ဒီကို ဂျက်ဖနာ(Jaffna) တမီနာဒုပြည်နယ်နဲ့ အဲ့ဒီ ဂျက်ဖနာဆိုတဲ့ ကျွန်းစွယ်လေးနဲ့ မိုင်(၄၀) (၅၀)လောက် ဝေးမယ်လို့ထင်တယ်။
တိတိကျကျမပြောနိုင်ဘူး ဒါထက်မပိုဘူး။ရေလက်ကြားရှိတယ်။ သီဟိုဠ်ကျွန်းက တစ်ကျွန်းလုံးက ဗုဒ္ဓဘာသာကို အသက်အပ်ပြီး ကြည်ညိုတဲ့ တိုင်းပြည်၊ ဗုဒ္ဓဘာသာကို အသက်နဲ့ထပ်တူ ကြည်ညိုတဲ့တိုင်းပြည်။ စတုတ္ထသင်္ဂါယနာကို သီဟိုဠ်မှာ ဆင်နွဲပြီးတော့ ပိဋကတ်ကို ပေပေါ်မှာ ရေးလို့ ။ပေပေါ်မှာ သီဟိုဠ်က ရေးတာ သူတို့သာ မရေးနိုင်ရင်၊ ပိဋကတ်တို့ ရမှာ မဟုတ်ဘူး။ ကျေးဇူးသိပ်များတယ်။
သီဟိုဠ်နဲ့ဗမာ သာသနာဆက်ဆံရေး နှစ်(၂၀၀၀)ကျော် ခရီးဟာ အထူး မြတ်နိုးစရာကောင်းတယ်။အပြန်အလှန် Link(လင့်)ရှိတယ်။ ရိုင်းပင်းကူညီမှုတွေ ရှိတယ်။အခု နိုဝင်ဘာလရဲ့တတိယပတ်ထဲမှာ ဒို့သီဟိုဠ်မှာအစည်းအဝေးတစ်ခု သွားတက်စရာရှိတယ်။ မကြာမကြာ သီဟိုဠ်ကို ဘုန်းကြီးတို့ ရောက်တယ်။
သီဟိုဠ်သံဃာတော်တွေနဲ့ ဗမာ့သံဃာတော်တွေဟာ --- ဥပမာအားဖြင့် ပဲခူးဒေသ တစ်ခွင်ကို ရာမညတိုင်းလို့ မခေါ်ဘူးလား။ အဲ့ဒါ မွန်တို့ရဲ့နယ်မြေလေ၊ ပုသိမ် ဟင်္သတ ပဲခူး ရန်ကုန် မုတ္တမ စစ်တောင်း ဒါတွေအကုန်လုံးဟာ မွန်မင်းတွေ အကုန် အဆက်ဆက်အုပ်ချုပ်သွားလို့ ရာမညတိုင်း ၊ သီဟိုဠ်ကျွန်းသာသနာ ငြိုးမှိန်ပျက်စီးတဲ့အချိန်မှာ ရာမညတိုင်းက သံဃာတော်တွေ သွားပြီးတော့ ကူရတယ်။
ဒီကနေ့ထိ သီဟိုဠ်ကျွန်းမှာ ရာမညဂိုဏ်းဆိုပြီးတော့ သံဃာတော်တွေရဲ့ ဂိုဏ်တစ်ဂိုဏ်းရှိသေးတယ်။ သူတို့က မွန်သံဃာတော်တွေရဲ့ အဆက်အနွယ်ကို တမြတ်တနိုး ထိန်းထားတာ။ ခုနှစ်သက္ကရာဇ်မမှတ်မိဘူးထား ။ခေတ်တစ်ခေတ်မှာ သသနာပျက်ဆီးငြိုးမှိန်ပြီးတော့ ဘေးရန်အမျိုးမျိုး ကြုံတဲ့အချိန်မှာ ဘိုးတော်ဘုရား အမရပူရမှာ နန်းစံတဲ့ခေတ်၊ မောင်းထောင်သာသနာပိုင် ဗမာပြည်မှာ သာသနာရေး အုပ်စိုးတဲ့ခေတ် သီဟိုဠ်သံဃာတော်တွေ အမရပူရလာပြီး ရဟန်းအသစ်ခံပြီးတော့ သီဟိုဠ်ပြန်သွားတယ်။
ဗမာနိုင်ငံက သံဃာတော်တွေ ပင့်သွားတယ် အမရပူရက။ ဒီကနေ့ထိ သီဟိုဠ်ကျွန်းမှာ အမရပူရဂိုဏ်းဆိုတာ ရှိသေးတယ်။ ဗမာပြည်က သွားတဲ့ဂိုဏ်း ဘယ်နှစ်ဂိုဏ်း ရလဲ။ ရာမညဂိုဏ်း အမရပူရဂိုဏ်း ။နောက် မင်းတုန်းမင်းတရားကြီးရဲ့ လက်ထက်ရောက်တော့ ရွှေကျင်ဆရာတော်ကြီး ကြွသွားတယ်။
ဒီကနေ့အထိ သီဟိုဠ်ကျွန်းမှာ ရွှေကျင်ဂိုဏ်း။ ဗမာ့ အဆက်အနွယ်တွေ သီဟိုဠ်မှာ အများကြီးပဲ။ အဲ့ဒါကြောင့် သီဟိုဠ်ကျွန်းကို ဒို့က ကိုယ့်ရဲ့ဆွေရင်းမျိုးရင်းလို ချစ်စရာကောင်းလို့ သီဟိုဠ်က ရာဇဝင်တိုတိုလေး ဖြတ်တောက်ပြီးတော့ ဒီမှာပြောချင်တယ်။ ဒုဋ္ဌဂါမဏိ- ဂျက်ဖနာ(Jaffna)-ဆိုတဲ့ ရေလက်ကြားနဲ့၊ အိန္ဒိယပြည်အရှေ့ပိုင်းက တမိနာဒုပြည်နယ်နဲ့ နယ်ချင်းကပ်တယ်။ရေပိုင်နက်ကို လုံးဝ ဂရုမစိုက်ဘူး။တမီ-တွေ ကျူးကျော်ပြီးတော့ ဂျက်ဖနာ(Jaffna)ကို တက်ကြတယ်။နှစ်ရာနဲ့ချီတက်တာ။ သီဟိုဠ်မှာ ရေတပ်လည်း မရှိဘူးနဲ့တူတယ်
အဲ့ဒီခေတ်က ။ အဲ့ဒီတော့ တိုအောင်ချုံးလိုက်တော့ သီဟိုဠ်ကျွန်းမှာ တမီ-တွေ သန်းပေါင်းများစွာ ရောက်သွားတယ်။ သီဟိုဠ်မြောက်ပိုင်း တစ်ပိုင်းလုံးကို တမီ-တွေ တဖြည်းဖြည်းနဲ့ စိမ့်စိမ့်လာရော သီဟိုဠ်သားတွေက တဖြည်းဖြည်းနဲ့တောင်ဘက်ရွှေ့ရွှေ့ ပြီးတော့ မသွားဘူးလား။ လူတွေ တိုင်းပြည်တစ်ပါးက ကျူးကျော်သူတွေ စိမ့်စိမ့်ဝင်လာရင် တိုင်းသားတွေက တစိမ့်စိမ့် နောက်ဆုတ်ရတာ။နိုင်ငံတိုင်းရဲ့ ထုံးစံပဲ။ အဲ့ဒီတော့ သီဟိုဠ်ကျွန်းရဲ့ ခါးလည်မှာ ဖြတ်ပြီးတော့ မြစ်ကြီးတစ်စင်းရှိတယ်။
အဲ့ဒီမြစ်ကို သီဟိုဠ်သားတွေက ဂင်္ဂါပဲခေါ်တယ်။ ဂင်္ဂါအိန္ဒိယမှာပဲ ရှိတယ် မအောက်မေ့နဲ့ သီဟိုဠ်မှာလည်း ရှိတယ်။ ကန့်လန့်ဖြတ်မြစ်ကြီးကိုကျော်ပြီးတော့ သီဟိုဠ်သားတွေ အကုန်တောင်ဘက်ကို ထွက်ပြေးရတယ်။ ဂင်္ဂါရဲ့မြောက်ပို်င်း တစ်ပို်င်းလုံးမှာ ဘာတွေ လွှမ်းမိုး တမီ-တွေလွှမ်းမိုးကုန်တယ်။ သတိထားရမယ်။ရေလက်ကြား ကျူးကျော်သူတွေဟာ။ အဲ့ဒီတော့ တမီ-တွေက သီဟိုဠ်တွေ အကုန်ပြေးပြီးလည်း ဆိုရော သူတို့ဟာသူတို့ သူတို့အစုအဝေးနဲ့ စည်းဝေးပြီးတော့ ဝိုင်းဖွဲ့ပြီးတော့ သူတို့ဘုရင်ကို သူတို့တင်မြောက်တယ်။ ဘယ်လောက်များ ဆိုးသွမ်းသလဲလို့ ဆိုတာနော်။ သူတစ်ပါးတိုင်းပြည်ထဲကို ကျူးကျော်ဝင်ရောက်ပြီးတော့ ဘာလုပ်တာလဲ။သူတို့ဘုရင် သူတို့ဘာသာတင်မြောက်ပြီးတော့ တစ်ထီးတစ်နန်းနေကြတာ။ သီဟိုဠ်ကျွန်းမြောက်ပို်င်း တစ်ပိုင်းလုံး ။
အဲ့ဒီတော့ ဒုဋ္ဌဂါမဏိနဲ့ နောက်ဆုံးရင်ဆိုင်ရတဲ့ နောက်ဆုံးဘုရင်က ဘယ်သူလဲလို့ဆိုတော့ ဧလာရမင်း(Elara) မင်း။ မြတ်စွာဘုရားသာသနာဟာ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးသောနောက် နှစ်ပေါင်းအတော်အတန်ကြာတော့ ခုနှစ်အတိအကျမပြောနိုင်လို့ နှစ်ပေါင်း(၁၀၀၀)ကျော် ကြာကြာမှာနဲ့ တူတယ်။အော်တိုမင်Turk- တွေ ဝင်လာတဲ့ အချိန်မှာ ဗုဒ္ဓဘာသာက နှစ်ခြမ်းကွဲပြီးတော့ အော်တိုမင်Turk-မြင်းစီး တပ်ကြီး ဝင်ရောက်ဖျက်စီးတဲ့အခါမှာ တစ်ခြမ်းက ဟိမဝန္တာကနေမြောက်ဘက် ထွက်ပြေးတယ် ။ အဲ့ဒီတော့ တိဘက်တရုတ် ကိုရီးယား မွန်ဂိုးလီးယားရောက်သွားတယ်။
တောင်ဘက်ကို ထွက်ပြေးတဲ့ သံဃာတော်တွေက မြစ်ကျော်ပြီး သီဟိုဠ်ကျွန်းကူးသွားတယ်။အဲ့ဒါက Story တစ်ခု ရှိဖူးတယ်။ အဲ့ဒါကြောင့် အိန္ဒိယပြည်တောင်ဘက်က ရေလက်ကြားဖြတ်ပြေးတဲ့သံဃာတော်တွေ ဖြတ်ပြေးတာ မဟုတ်သော်လည်း သူ့ဘာသာသူ Missionary အနေနဲ့ ကြွသွားတဲ့ သံဃာတော်တွေဟာ သီဟိုဠ်ကျွန်းရဲ့မြောက်ပိုင်းမှာ တမီ-တွေ ဝင်လာတဲ့အချိန်ကြတော့ မနေနိုင်တော့ဘူး။ အဲ့ဒါကြောင့် မြောက်ပိုင်းတစ်ပိုင်းလုံးက သံဃာတွေ ဘယ်ရောက်ကုန်လဲ တောင်းပိုင်း ကို သံဃာတော်တွေပါ ပြေးရတယ်။ တမီ-တွေရဲ့ ဘေးရန်ကြောင့်။
အဲ့ဒါကို စိတ်ထဲမှာ တမြေ့မြေ့ခံစားနေရတာက ကာကဝဏ္ဏတိဿမင်းကြီးရဲ့သား ဒုဋ္ဌဂါမဏိ။အဖေက သူ့ကိုနာမည်ပေးထားတာက ဂါမဏိ-လို့ နာမည်ပေးထားတာ။ အဲ့ဒီတော့ သားကအရွယ်ရောက် အိမ်ရှေ့မင်းရာထူးရ သူ့အဖေကို သူပြောတာ "အဖေ့ ဒီတမီတွေကို အပြုတ်အပြတ်တိုက်ပစ်ရမယ်" ဆိုတော့ အဖေကြီး ကာကဝဏ္ဏတိဿ- ဘာပြောလဲလို့ ဆိုတော့ "သားရယ် သူတို့မြောက်ပိုင်း စိုးစံမယ်ဆို စိုးစံပါစေတော့ အမယ် အဖေက သဘောထားကြီးကြီးနဲ့ တမင် ပေးထားတာ။
ဒို့က တောင်ပိုင်းအေးအေးဆေးဆေး နေတာပေါ့။" စစ်မတိုက်ချင်ဘူး ကာကဝဏ္ဏတိဿက အဲ့ဒီတော့ သားဖြစ်တဲ့ ဂါမဏိက အဖေကို ဘာပြောလဲဆိုတော့ "အဖေ စစ်မတိုက်ရဲလို့ ရှိရင် ထမီဝတ်"- ဂါမဏိဆိုတဲ့ သားက အဖေကို အဲ့ဒီလိုပြောတာ။ အဲ့ဒီတော့ မိန်းမဝတ် ဝတ်စုံတစ်စုံ အဖေဆီပို့ပီး သူထွက်ပြေးသွားတယ်။
ဘာဖြစ်လို့ မိန်းမဝတ်စုံပို့တာလဲဆိုတော့ "တမီ-တွေကို မတိုက်ရဲတဲ့အဖေ ထမီပဲဝတ်တော့ " အဲ့ဒါအဖေကို ပစ်မှားဆော်ကားလို့ ဆိုပြီးတော့ ဒုဋ္ဌ-တစ်လုံးတိုးသွားတယ်။အဲ့ဒါလည်း သတိထားကြ ဟေ့ကောင်တွေ။ အဖေကို ပစ်မှားဆော်ကားလို့ ဂါမဏိ-ဆိုတဲ့ရှေ့ ကနေ ဘွဲ့ထူးဂုဏ်ထူးရလိုက်တာနဲ့ တူပါတယ်။ ဒုဋ္ဌ-ဆိုတာ ပစ်မှားတယ်လို့ အဓိပ္ပာယ်ရတာ။အဲ့ဒါနဲ့ ဂါမဏိမင်းသားဟာ ဒုဋ္ဌဂါမဏိ-မင်းသား ဖြစ်သွားတယ်ကွာ။
Story- က သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ အဖေက စစ်မတိုက်ပဲ တစ်ဝက်ကို တမင်-ကိုပေးချင်တယ်။မင်းတို့ပေးမလား။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက စာလေးတစ်ပုဒ်ရေးတယ် ဘာသာသွေး-ဆိုတဲ့ စာအုပ်မှာ ပါတယ်။
_/\_ _/\__/\_ သာရာဂါ အနာဂါရာ စ၊ ဥဘော အညောည နိဿိတာ။
အာရာဓယန္တု သရဋ္ဌံ၊ ဘုဇိဿံ ဥသိဒဒ္ဓဇံ _/\_ _/\__/\_
တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ-ဆိုတာ ကြားဖူးလိမ့်မယ်။ တချို့လည်း စာဖတ်ဖူးလိမ့်မယ်။ဘာသာသွေး -စာအုပ်ကလေး ရှာဖတ်။ အဲ့ဒီမှာ ဆရာတော်ကြီးရေးတယ်။ဒို့အခု အသက်(၈၁)နှစ် ရှိသွားပြီ။ အသက်(၂၅)လောက်က အဲ့ဒီဂါထာလေး ကျက်ထားတာ။
အခုကိစ္စတွေ ဟောချင်ပြောချင်တဲ့ အခါကျတော့ ကံကောင်းတယ် ဒီစာလေးက ပြန်ပေါ်လာတယ်။နှစ်(၅၀)လောက်က ကျက်ထားတဲ့စာ ပြန်ပေါ်လာတယ်။ အဲ့ဒီတော့ ဆရာတော်ကြီး ရေးထားတာ နှစ်ပေါင်း(၇၀) (၈၀)လောက် ရှိပီ ဒီလိုခန့်မှန်းရတာပေါ့လေ။ ကျောင်းထဲမှာ ပိဋကတ်ထဲမှာ ခေါင်းမြုပ်ပြီးတော့ အလုပ်လုပ်နေတဲ့ဆရာတော်ကြီးတွေကို တိုင်းရေး ပြည်ရေး မမြင်ဖူးလို့ မထင်နဲ့။မြင်တော့မူတယ်။တိုင်းရေး ပြည်ရေးကို ကြောင့်ကြတော်မူတယ်။
တိုင်းပြည်အပေါ်မှာ မေတ္တာစေတနာ ကြီးကြီးမားမား ထားတော်မူကြတယ် ဆရာတော်ကြီးတွေ။ ဒီစာနားထောင်ကြည့် သာရာဂါ စ-အိမ်ယာတည်ထောင် လူတို့ဘောင်၌ ခေါင်းဆောင်ရှေ့သွား၊ ဒကာ ဒကာမ အများတို့သည် လည်းကောင်း၊ လူ့လောက လူဘောင်လောကမှာ နေထိုင်တဲ့နိုင်ငံခေါင်းဆောင်တွေ၊ အနာဂါ စ- အိမ်ယာမထောင် သာသနာ့ဘောင်၌ - {သာသနာ့ဘောင်က ရဟန်းသံဃာတွေပြောနေတာနော်} အိမ်ယာမထောင် သာသနာ့ဘောင်၌ ခေါင်းဆောင်ရှေ့သွား ဆရာတော်ဘုရားတို့သည် လည်းကောင်း၊ ဘယ်လောက်ကောင်းလည်း ။
လူ့လောကက နိုင်ငံခေါင်းဆောင်းတွေ၊ သာသနာတော်က သာသနာ့ခေါင်းဆောင်တွေ ၊ခေါင်းဆောင်နှစ်မျိုး၊ ကျောချင်းအပ် ရင်ချင်းကပ်ပြီးတော့ ဟန်ချက်ညီညီ ညီညွှတ်စွာရှိနေရမယ်ဆိုတဲ့အကြောင်း၊ ပြောသွားတာ။ မြောက်ပိုင်းက ပြေးလာတဲ့သံဃာတွေအကုန်တောင်ပိုင်းရောက်တော့ ဒုဋ္ဌဂါမဏိမင်းသားနဲ့ အကုန်ပေါင်းကြတာ။ သံဃာတော်တွေနဲ့ ဒုဋ္ဌဂါမဏိမင်းနဲ့တွေ့တယ်။ အကြောင်းကလည်း ကောင်းတယ်လို့ပြောရမလား ပြောတော့ မပြောကောင်းဖူး။ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ ဖခင် ကာကဝံဏတိဿက အဲ့ဒီမှာ မကြာခင် နတ်ရွာစံတယ်။ စစ်မတိုက်ရဲ့တဲ့ ဘုရင် နတ်ရွာစံသွားတယ်။ဂါမဏိမင်းသား ဘုရင်တက်ဖြစ်တော့ အဆင်မပြေဘူးလား။
အကြောင်းက အဲ့ဒီိလိုလေး ညီညွှတ်သွားတာ။အဲ့ဒီမှာ သံဃာတော်တွေနဲ့ အကုန်ပေါင်းသွားတာ။ ဒုဋ္ဌဂါမဏိနဲ့ သံဃာနဲ့ပေါင်းသွားတာ။တမီ-ကိုတိုက်ဖို့ရန် အဆင်သင့်ဖြစ်သွားပြီ။ ဒီတော့ ဒီလိုအရေးအရာမှာ သံဃာတော်တွေ ပါသင့်သလား? ဆိုတော့ ဒီမှာကြည့် အိမ်ယာတည်ထောင် လူတို့ဘောင်မှာနေတဲ့ ခေါင်းဆောင်တွေနဲ့ သာသနာဘောင်က ခေါင်းဆောင်တွေ ကျောချင်း ရင်ချင်းကပ်နေရမယ်။
ဒါ ဂန္ဓာရုံဆရာတော်ကြီးပြောတာ။ အနာဂါ စ- အိမ်ယာမထောင် သာသနာ့ဘောင်၌ ခေါင်းဆောင်ရှေ့သွား ဆရာတော်ဘုရားတို့သည် လည်းကောင်း၊ ဥဘော- မြန်မာ့တကာ မြန်မာ့ဆရာဟု ကမ္ဘာ့ကိုရှု့နိုင်သည့် လူထုထိပ်ခေါင်တင် ထိုခေါင်းဆောင် နှစ်မျိုးတို့သည် ။ ခေါင်းဆောင် (၂)မျိုး နိုင်ငံခေါင်းဆောင်ရယ် သာသနာရေးခေါင်းဆောင်တွေရယ်၊ ခေါင်းဆောင် (၂)မျိုးတို့သည် အညောည နိဿိတာ- ကိုင်းကို ကျွန်းမှီ၊ ကျွန်းကိုင်းမှီ သို့၊ အကုန်လုံး ညီညွှတ်ဖို့လိုတယ်။
သံဃာတော်အရှင်မြတ်တွေထံမှာ ဒုဋ္ဌဂါမဏိမင်းကြီးနေ့တိုင်း တရားနာတယ်။ မင်းကြီးနဲ့တကွ စစ်ခေါင်းဆောင်တွေအကုန်လုံး သံဃာတော်တွေရဲ့ရှေ့မှောက်မှာ နေ့တိုင်းတရားနာပြီးတော့ ပရိတ်နာတယ်။ ဒုဋ္ဌဂါမဏိမင်းကြီး လုပ်တယ်။ပြီးတော့ စစ်ပြင်တယ်။ စစ်ပွဲဆင်နွဲတော့မယ် စစ်ကြေညာတော့ သံဃာတော်အရှင်မြတ်တွေလည်း ပါဝင် ကူညီပါဦးဆိုတော့ မင်းကြီး စစ်ထွက်တဲ့ စစ်တလင်းမှာ နေရာတိုင်းမှာ သံဃာ(၅၀၀) တာဝန်ခွဲပြီးတော့ စစ်မြေပြင် သံဃာတွေ ပါသွားတယ်။
ဓားတွေလှံတွေကိုင်းပြီးတော့ ဘုန်းကြီးတွေ စစ်ဝင်တိုက်တာတော့ မဟုတ်ဘူး။ မင်းကြီးကို စိတ်အင်အား Mental Encouragement ပေါ့လေ ပေးတာ။ သံဃာ အပါး(၅၀၀) စစ်မြေပြင်ပါသွားတယ်။ အဲ့ဒါကြောင့် ကိုင်းကို ကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့ မမီမယွင်း အချင်းချင်း မှီခိုအားထားကြကုန်လျှက်- ဒါက တောင်မြို့ဆရာတော်၊ ဘုဇိဿံ-(၆၂)နှစ်မျှ ကျွန်ဘဝမှာ ၊မြန်မာနိုင်ငံကို အင်္ဂလိပ်သိမ်းတာ အောက်ပိုင်းနှစ်(၁၀၀) အုပ်ချုပ်သွားတယ်။
မင်းလှမြိုကနေ အောက်ပိုင်း၊ သရက်မြို့အနီးအနားကနေ အောက်ပိုင်းတစ်ပိုင်းလုံးကို အုပ်ချုပ်တာ နှစ်တစ်ရာ၊ အထက်ကိုတက် သီပေါမင်းတရားဖမ်းပြီး တပြည်လုံးအောက်ချုပ်တာ (၆၂)နှစ်၊ ဒါ မဟာဂန္ဓာရုံ ရေးတဲ့စာ၊သီပေါကို အိန္ဒိယ ရတနာဂီရိ-ပို့ပြီးတော့ ၊ ဗမာဘုရင်ကို ကုလားပြည်ပို့ သေတဲ့အထိ ထားတာ အင်္ဂလိပ်၊ အခုလည်းပဲ သူမွှေးသွားတဲ့မီးတွေ တိုင်းပြည်မှာ ဆက်လက်၍ လောင်နေတုန်းပဲ။
ကုလားဘုရင် ဇပါးရှား- နယူဒေလီမှာ နန်းဆိုက်တဲ့ နောက်ဆုံးဘုရင် ၊ ကုလားဘုရင်ကို ဗမာပြည်ကို ပို့ပြီးတော့ သေတဲ့အထိထားတာ အင်္ဂလိပ်၊ ဇပါးရှား-လမ်းဆိုတာ ရန်ကုန်မှာ တွေ့ဖူးလား။ဝင်သွားအဲ့ဒီမှာ ဗလီလေးနဲ့ ဇပါးရှား ဘုရင်ရဲ့ ရုပ်အလောင်း ရှိတယ်။ ရွှေတိဂုံတောင်ဘက်နား မဝေးဘူးလေ၊
အဲ့ဒါကြောင့် (၆၂)နှစ်မျှ ကျွန်ဘဝမှာ မုချစင်စစ် လွတ်ကင်းခဲ့ရလေပြီးသော်၊ သရဋ္ဌံ- မိမွေဘနှင့် ချက်မြုပ်ဖြစ်၍ အသစ်တည်ဖန် ဒို့နိုင်ငံကို ၊ အင်္ဂလိပ်အုပ်ချုပ်သွားတာ နောက်ဂျပန်တွေ တိုင်းပြည်ကို မွှေနောက်ဖျက်ဆီးသွားတာ၊ နောက်သူပုန်တွေ ထလိုက်တာ နှစ်ပေါင်း(၆၀)၊ နှိပ်စက်ခံ ဖျက်ဆီးခံပြီးတော့မှ ကျန်ခဲ့တဲ့တိုင်းပြည်ကို အခု အသစ်တဖန် ပြည်လည်တည်ဆောက်နေတာ။ ဆရာတော်စာ သိပ်ခေတ်မှီတယ်။
အသစ်တည်ဖန် ဒို့နိုင်ငံကို ဥသိဒဒ္ဓဇံ- ဒို့ပြည် ဒို့မြေ ဒို့အမွေဟု၊အခြေသိုက်မြိုက် ဆိုက်တလူလူ အောင်လံထူမြဲသာလျှင်၊ မြန်မာ့အောင်လံ ဘယ်တော့မှ မြေကြီးမကျစေနဲ့တဲ့။ ဒုဋ္ဌဂါမဏိ စစ်ချီပြီ ပရိတ်သတ်ရေ။သူ့ရဲ့ အင်အားက ဘာလဲဆိုတော့ သံဃာတော်တွေတောင် မင်းကြီးနဲ့ ပေါင်းပြီးတော့ ရှေ့တန်းစစ်မျက်နှာပါလာပြီလဲဆိုရော တိုင်းသူပြည်သား ယောင်္ကျားမှန်သမျှ အကုန်စစ်ထဲဝင်တာ။ အိမ်တိုင်းမှာ အမျိုးသမီးပဲ ကျန်တယ်။
သူ့ရဲ့စစ်တပ်ကြီးက လူပေါင်းများစွာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဖြည်းဖြည်းချင်း ချီတက်ယူရတယ်။မြန်မြန်ကြီး ချီတက်လို့တောင် မရဘူး။ အဲ့ဒီတော့ တိုအောင်ချုံးလိုက်တော့ တိုက်လိုက်တာ။ (၃)လ မကြာဘူး။တမီဘုရင် စာရေးတာကတော့ ဒမိန်လမင်းလို့ ရေးတယ်။ ခေတ်ကတော့ တမီ-လို့ဖတ်တယ်။ရှေးကရေးတာတော့ ဒမိန်လရေးတယ်။ အနုရာဓပူရုမြို့မှာ နန်းဆိုက်တဲ့ ဒမိန်လမင်း ဆင်ပေါ်ကနေကျတယ်။
ဒုဋ္ဌဂါမဏိ လှံနဲ့ထိုး သတ်ပစ်တာ။ အဲ့ဒီစစ်ပွဲမှာ ရှေ့တန်းစစ်မျက်နှာမှာ စစ်တိုက်ရင်းနဲ့ ဒုဋ္ဌဂါမဏိမင်းကြီး နှစ်ရက်လောက် ထမင်းငတ်တယ်။သူ့အနားက စစ်သူကြီးကို တိတ်ဆိတ်သော တစ်နေရာမှာ "ဟေ့ မင်းသိမ်းစည်း သိုမှီထားတဲ့ စားစရာလေးများ တစ်စုံတစ်ခု ရှိသေးလား၊ ဟိုက ထမင်းခြောက်ကလေးတွေ ထုပ်သိမ်းထားတာ ရှိပါသေးတယ်။
အဲ့ဒါဆိုရင်ကွာ အဲ့ဒီထမင်းခြောက်ကလေးကို မင်းတစ်ပုံစား ငါတစ်ပုံစားမယ်။ ငါစီးတဲ့ မြင်းကို တစ်ပုံပေး၊ စစ်သည်တော် တစ်ယောက်စားမယ့် အစားအစာကို ဘယ်နှစ်ပုံ ပုံစားကြလဲ " ၃- ပုံ ပုံစားတယ်။ စစ်မြေပြင်မှာနော်။ စစ်သားရဲ့ကစိတ်ဓာတ်၊အဲ့ဒါပြောတော့ မင်းကြီးက ဟဲ့ဟဲ့ ငါစားမယ်ကြံရင် လှူပြီးမှ ငါစားတဲ့ ဝါသနာ ရှိတယ်။ မလှူရရင် ငါမစားဘူး၊အဲ့ဒီတော့ လှူဖို့ တစ်ပုံ ပုံ။ပုံလိုက်တော့ စစ်မြေပြင်မှာ အလှူခံပုဂ္ဂိုလ်ဘယ်က ရပါ့မလဲ။သူ့ရဲ့အနားကပ် သူ့ရဲ့စစ်သူကြီးနဲ့ တိုင်ပင်နေတဲ့အသံကို စစ်ဖြစ်လို့ သီဟိုဠ်ကျွန်းမကြီးပေါ်ကနေ ထွက်ပြီးတော့ သိယင်ဂု-ဆိုတဲ့ကျွန်းပေါ်ကို ရောက်နေတဲ့ ရဟန္တာ ကြီး တစ်ဖွဲ့ရှိတယ်။
ခေါင်းဆောင် ရဟန္တာ ကြီးက ဂေါတမမထေရ်တဲ့။ဟာ မင်းကြီး လှူမလို့ တိုင်ပင်နေပြီလို့ ကြားတယ်။ မလှူရရင် မင်းကြီးက ပွဲတော်အုပ်မတင်ဘူး။ မင်းကြီးက စစ်မြပြင်စစ်တိုက်နေတာ နှလုံးစိတ်ဝမ်းအေးချမ်းအောင် ဒို့အလှူခံ ကြွရမယ်။ဆိုပြီးတော့ မထေရ်ကြီးက ဘာပြောလိုက်လဲဆိုတော့ တပည့်ရဟန်းတစ်ပါးကို ကောင်းကင်ကနေပြန်လာ အဘိဉာဏ်ရ ရဟန္တာ ကြီးကို သပိတ်နဲ့ ကောင်းကင်ကနေ လွှတ်လိုက်တာ။ ရှေ့တန်းစစ်မျက်နှာ ဘုရင်ကြီး ထမင်းစားမယ့်နေရာကို ရဟန္တာ ကြီးတစ်ပါး ရောက်ပြီနော်။
သပိတ်က ဘယ်သူ့သပိတ်လဲဆိုတော့ အရှင် ဂေါတမမထေရ်ရဲ့သပိတ်နဲ့ အလှူခံတာ။ စစ်မြေပြင်မှာ အလှူခံယူတာ။ရှားရှားပါးပါး မှတ်ထား။ မင်းတို့ စစ်မြေပြင်ကို အဆင်ပြေရင် ငါလာခဲ့ဦးမယ်။ ဒီသမိုင်းတွေ အံသြစရာကောင်းတဲ့ ဖြစ်ရပ်တွေ သာသနာမှာ တိုင်းပြည်ရယ် နိုင်ငံခေါင်းဆောင်တွေရယ်၊ သံဃာတော်တွေရယ် စစ်သည်တော်တွေရယ်၊ (၄)ဦးသား ညီညွှတ်တဲ့အကြောင်းကို ပြောတာ။ သံဃာတော်တွေရယ် စစ်သည်တော်တွေရယ် နိုင်ငံခေါင်းဆောင်ရယ် ဘုရယ်ပေါ့ တိုင်းသူပြည်သားတွေရယ် လေးဦးသားညီညွှတ်နေတဲ့ အဓိပ္ပာယ်ဘယ်လောက်ကောင်းလဲ။
ဟောဒီကုလားထိုင် ခြေထောက်ဘယ်နှစ်ချောင်းလဲ တစ်ချောင်းချိုးရင် ထိုင်ဖို့မလွယ်ဘူးနော်။ ဒီကနေ့ နိုင်ငံတော်မှာ လေးချောင်းထောက် ဟန်ချက်ညီဖို့ သိပ်အရေးကြီးတယ် ဆိုတာကို ဒို့ပြောတာ။ အဲ့ဒီတော့ ရဟန္တာကြီးက အလှူခံ။မင်းကြီးက တစ်ယောက်စာလေးကို ဘယ်နှစ်ပုံ ပုံထားလဲ။ ၄-ပုံ ပုံထားတာ ဘယ်သူမှ ဝမှာ မဟုတ်ဘူးမို့လား။
အဲ့ဒီတော့ ဘုရင်က ဆုံးဖြတ်တယ် တစ်ယောက်စာကို ၄-ပုံ ခွဲထား ဘယ်သူမှ အဝ စားရမှာ မဟုတ်ဘူး။ အဲ့ဒီတော့ စစ်သူကြီး မင်းလည်းမစားနဲ့ ငါလည်း မစားနဲ့ မြင်းလည်းမကျွေးနဲ့ အကုန်သာလှူလိုက်ကွာ။အငတ်ခံပြီးတော့ လှူလိုက်တယ်။ ဒုဋ္ဌဂါမဏိမင်းရဲ့ အလှူဒါနမှာ ရဲရင့်တဲ့ စိတ်ထားကို ဒီမှာ အံသြလို့။ လှူလိုက်တော့ ရဟန္တာ ပုဂ္ဂိုလ်ကြီးက သပိတ်ပိုက်ပြီးတော့ ပျံသွားတယ်။ ပိယင်ဂု-ကျွန်းကိုနော်။ဂေါတမမထေရ် ရဟန္တာ မြတ်က အဲ့ဒါကို ဘုန်းပေးမလို့ ပြင်နေတုန်းမှာ သူ့ကျွန်ပေါ်ရှိနေတဲ့ သံဃာတော်တွေကလည်း ဆွမ်းစားမလို့ အဆင်သင့်ဖြစ်နေတယ်။
သံဃာတော်တွေအကုန်လုံးကို ဒီStory ကို ဂေါတမမထေရ်က အကုန်ပြောတယ်။ ဒီမှာ ဒုဋ္ဌဂါမဏိလှူလိုက်တဲ့ သပိတ်ကြီး ရောက်လာပြီ မင်းတို့အားလုံးကို ဝေပေးမယ် မင်းကြီးကို ချီးမြောက်ရအောင်၊ သံဃာတော်တွေက သိသွားပြီးတော့ မင်းကြီးကို သနားတယ်။ ကူညီချင်တဲ့ စိတ်တွေပေါက်တယ် အညောည နိဿိတာ- ကိုင်းကို ကျွန်းမှီ ကျွန်းကိုင်းမှီ ။ ဒီလိုဖြစ်ရမယ်။ အဲ့ဒီတော့ သံဃာတော်အရှင်မြတ်တွေကလည်းပဲ သပိတ်တွေ သပိတ်တွေထဲက သူတို့စားနေတဲ့ထဲကနေ တစ်ဆုပ်စီ တစ်ဆုပ်စီ အကုန်လုံး နည်းနည်းချင်း လှူကြတယ်တဲ့ အားရစရာကြီး။
သပိတ်တစ်လုံးပြည့်သွားတယ် တစ်ဆုပ်စီ ဝိုင်းထည့်တာ။ ပြီးတော့မှ ရဟန္တာအရှင်မြတ်ကြီး အရှင်ဂေါတမက အဓိဋ္ဌာန်ပြီးတော့ အဲ့ဒီ သပိတ်ကြီး ကောင်းကင်နေလွတ်တာ။ စစ်မြေပြင် စစ်တလင်းရောက်နေတဲ့ မင်းကြီးရဲ့ လက်ထဲကို ဒီသပိတ်ကြီး ရောက်ပါစေသတည်း ကောင်းကင်ကနေ အဓိဋ္ဌာန်လွှတ်လိုက်တာ။ သပိတ်ပျံ-ဆိုတာ အဲ့ဒါ။ သပိတ်ကြီး ကောင်းကင်က ပျံပြီးတော့ မင်းကြီးလက်ထဲကျတယ်။ သံဃာနဲ့ စစ်သည်တော်တွေ ဝေစားကြတဲ့ အကြောင်းလေးပေါ့ကွာ။ သီဟိုဠ်သမိုင်းမှာ ချစ်မြတ်နိုးစရာသိပ်ကောင်းတယ်။
လွတ်လပ်ရေးခေတ်၊ဗိုလ်ချုပ်အောင်ဆန်းတို့ခေါင်းဆောင်ပြီး တိုင်းပြည်လွတ်လပ်ရေးယူတဲ့ ခေတ်တုန်းက စစ်သည်တော် အကြီးအကဲတွေ အကုန်လုံးနီးနီး မြန်မာနိုင်ငံရဲ့ ကျေးလက်တောရွာရဲ့ ဘုန်းကြီးကျောင်းတိုင်းမှာ ခိုအောင်း ခဲ့ဖူးတာချည်းပဲဆိုတာ ဒို့လည်းပဲ သမိုင်းတွေမှာ ဖတ်ရတယ်။ အဲ့ဒီတော့ ကောင်းကင်ကပျံလာတဲ့ သပိတ်ကြီးကို ဘုရင်က လက်ခံပြီးတော့ မြင်းလည်းဝအောင် စားရတယ်။ သပိတ်တစ်လုံးပြည့်နေတော့ စစ်သူကြီးရော ဘုရင်ရော စားရတယ်။ပြီးတော့မှ သပိတ်ကြီး ရေဆေးပြီး အခွံကြီး ပျံလွှတ်လိုက်တာ။ သပိတ်ကြီး ပျံသွားတယ်။သပိတ်ပျံ-ဆိုတာ အဲ့ဒါ။ ဒုဋ္ဌဂါမဏိ စစ်ပွဲကောင်းကောင်းအောင်တယ်ကွ။ တမီတပ်ကြီး သိန်းပေါင်းများစွာ တမီ-တွေ သေကြတာ။
စစ်ပွဲကြီးပြီးသွားတယ် ဒမှိန်လမင်း ကျေးမင်း ကျဆုံးတယ်။ သီဟိုဠ်ကျွန်း နှစ်ပိုင်းကွဲနေတာကို တစ်ပေါင်းတည်းဖြစ်အောင် ပြန်လုပ်နိုင်တယ်။အဲ့ဒါ ဒုဋ္ဌဂါမဏိ။ စစ်ပွဲကြီးပြီးသွားတော့ ဘုရင်ကြီး မောလွန်းလို့ အိပ်တာ။ အိပ်မပျော်ဘူး သန်းခေါင်ယံနိုးပြီးတော့ ။ဘာဖြစ်သလဲဆိုတော့ ကုက္ကုစ္စ-ဖြစ်တာ။
ဓမ္မရဲ့စွမ်းရည်ကို ဒို့ပြောနေတာနော်။ ဒုဋ္ဌဂါမဏိမင်းကြီးရဲ့အပေါ် ဓမ္မရဲ့ စွမ်းရည်တွေ၊ဓမ္မရဲ့ပါဝါတွေ သက်ရောက်နေသ၍ စစ်ပွဲကြီးနိုင်တဲ့အကြောင်း၊သံဃာတော်တွေနဲ့ ညီညွှတ်ပြီး မေတ္တာရတဲ့အကြောင်း၊ ကျူးကျော်သူတွေ အပြုတ်အပြတ်တိုက်ခိုက်နိုင်ကြောင်းကို၊ ဒို့ပြောပြတာ။ ညီညွှတ်ရေးပေါ့ ဟုတ်လား။မင်းနဲ့ပြည်သူ တပ်နဲ့သံဃာတော်တွေ ညီညွှတ်ရမယ်။ (၄)ဦး ကုလားထိုင်ရဲ့ ခြေလေးချောင်းလို အားလုံး နိုင်ငံတော်ကို ဝိုင်းထောက်ဖို့ ဒါပြောတာ။
ညသန်းခေါင်းယံ အိပ်မပျော်ဘူး ဘာဖြစ်တုန်းဆိုတော့ ငါသတ်လိုက်တာ။ ဆန့်ကျင်ဘက် ကျေးကုလား တမီ-တွေ၊သန်းပေါင်းများစွာ သေသွားတယ်။ အဲ့ဒီ အကုသိုလ်ကြီး အတွက်တော့၊ ငါအပါယ်လေးပါးမှာ ခံရတော့မှာပဲ။ စိတ်ပန်းတယ်။
စစ်တိုက်လို့ ပန်းတာကတစ်မျိုး၊ နိုင်ငံပြန်လည်ထူထောင်ဖို့ ပန်းတာက တစ်မျိုး၊ အကုသိုလ်ကို တွေးပြီးတော့ ပင်ပန်းတာက တစ်မျိုး။ သိန်းပေါင်းများစွာ သေသွားတဲ့ စစ်ပွဲကြီးအတွက် ပူပန်နေတာကို တော်မှာ တောင်မှာ နေတဲ့ အဘိဉာဏ်ရ ရဟန္တာ ကြီးတွေက သိတော်မူသွားတယ်တဲ့။
ရဟန္တာ ကြီးတွေက မင်းကြီးကို အမြဲကြည့်ရှု့ စောင့်ရှောက်နေတယ်ဆိုတာ နားလည်နေရမယ်နော်။ ရဟန္တာ ကြီးတွေရဲ့ မေတ္တာကို ကောင်းကောင်းကြီးရတယ်။ သိတော်မူသွားတဲ့အတွက်ကြောင်း ရဟန္တာ ကြီး (၈)ပါး သန်းခေါင်ယံ ကြွလာတယ်။ နန်းတော်စောင့်က အစောင့်ကို တံခါးဖွင့်ခိုင်းတယ်။ မင်းကြီးကို သတင်းပို့ပြီး ဖွင့်ပေးလိုက် သံဃာတော်တွေ ဝင်သွားတယ်။ မင်းကြီး အိပ်မပျော်ဘူးလား ဆိုတော့ မင်းကြီးက
ကထံ နု ဘန္တေ အဿာသော၊ မမ ဟေဿတိ ယေန မေ။
အက္ခောဘိဏိမဟာသေန၊ ဃာတော ကာရာပိတော ဣတိ။
ဘုရင်ဒုဋ္ဌဂါမဏိက-"အရှင်မြတ်တို့ ဘုရား တပည့်တော်ဟာ သာသနာ့ရန်စွယ် ကျေးကုလားတွေကို ချေမှုန်း ခဲ့ပါတယ်ဘုရား၊ ဒါကြောင့် စိတ်မကောင်း ဖြစ်နေပါတယ်ဘုရား လုပ်မိတဲ့အကုသိုလ်ကြီး ခံရတော့မှာပဲဆိုပြီး စိတ်ပူတယ်ဘုရား"။
• သဂ္ဂမဂ္ဂန္တရာယော စ၊ နတ္ထိ တေ တေန ကမ္မုနာ။
ဒိယဎ္ဍ မနုဇာ စေတ္ထ၊ ဃာတိတာ မနုဇာဓိပ။
• သရဏေသု ဌိတော ဧကော၊ ပဥ္စသီလေပိ စာပရော။
မိစ္ဆာဒိဋ္ဌိ စ ဒုဿီလော၊ သေသာ ပသုသမာ မတာ။ လုပ်မိတဲ့အကုသိုလ်ကြီး ခံရတော့မှာပဲဆိုပြီး စိတ်ပူတယ်။ ဆိုတော့ ရဟန္တာ (၈)ပါးက ပြောတယ် မင်းကြီး ဘာမှ မပူနဲ့။ အကုသိုလ်နည်းနည်းလေးပဲ ဖြစ်တယ်။ ဘာဖြစ်လို့ အကုသိုလ်နည်းနည်းလေးပဲဖြစ်သလဲ၊ မင်းသတ်လိုက်တာ သိန်းပေါင်းများစွာ ဖြစ်ပေမယ့်၊ တကယ့် လူစင်စစ်က တစ်ယောက်နဲ့ တစ်ပိုင်းပဲ ပါတယ်။
ကျူးကျော်ဝင်ရောက်လာတဲ့ အဲ့ဒီ တမီ-တွေထဲမှာ ငါးပါးသီလ ဆောက်တည်တဲ့သူက တစ်ယောက်၊ငါးပါးသီလနဲ့ သရဏဂုံ တွဲဆောက်တည်တဲ့သူက တစ်ယောက်၊ ဒါပဲ ပါတယ်။အဘိဉာဏ်ရ ရဟန္တာ မို့လို့ သိတာနော်။ ငါးပါးသီလပဲဆောက်တည်သူက လူတစ်ပို်င်း၊ သရဏဂုံနဲ့ ငါးပါးသီလတွဲဆောက်တည်တဲ့သူက အဲ့ဒါ လူအပြည့်တစ်ယောက်၊သိန်းပေါင်းများစွာ သူသတ်လို့ သေတဲ့အထဲမှာ လူပီသူတဲ့သူက တစ်ယောက်၊ လူမပီတပီလူက တစ်ပို်င်း၊ တစ်ယောက်နဲ့ တစ်ပို်င်းပဲ ပါတယ် မင်းကြီး မပူနဲ့။ ဘုန်းကြီးတို့ မပြောဘူး။သီဟိုဠ်က ရဟန္တာ ကြီးတွေပြောတာ။ မင်းကြီး အဲ့ဒီမှာ စိတ်အေးသွားတယ်။
သာရာဂါ အနာဂါရာ စ၊ ဥဘော အညောည နိဿိတာ။
အာရာဓယန္တု သရဋ္ဌံ၊ ဘုဇိဿံ ဥသိသဒ္ဓဇံ။ သာဂါရာ စ- အိမ်ယာတည်ထောင် လူတို့ဘောင်၌ ခေါင်းဆောင်ရှေ့သွား ဒကာ ဒကာမ အများတို့သည်လည်ကောင်း၊ အနာဂါ စ- အိမ်ယာမထောင် သာသနာ့ဘောင်၌ ခေါင်းဆောင်ရှေ့သွားဖြစ်တော်မူကြတဲ့ ဆရာတော် ဘုရားတို့သည်လည်းကောင်း၊ ဥဘော- မြန်မာ့တကာ မြန်မာ့ဆရာဟု ကမ္ဘာ့ကို ရှု့နိုင်သည့် လူထုထိပ်ခေါင်တင် ထိုခေါင်းဆောင် နှစ်မျိုးတို့သည် ၊ အညောည နိဿိတာ- ကို်င်းကို ကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့ မမိမယွင်း အချင်းချင်း မှီခိုအားထားကြကုန်လျှက်၊ ဘုဇိဿံ- (၆၂)နှစ်မျှ ကျွန်ဘဝမှာ မုချဆင်စစ်လွှတ်ကင်းခဲ့ရလေပြီးသော် ၊ သရဋ္ဌံ- မိမွေ ဖနှင့် ချက်မြုပ်ဖြစ်၍ အသစ်တည်ဖန် တို့နိုင်ငံကို ၊ ဥသိသဒ္ဓဇံ- တို့ပြည် တို့မြေ တို့အမွေဟု အခြေသိုက်မြိုက် ဆိုက်တလူလူ အောင်လံထူမြဲသာလျှင်၊ အာရာဓယန္တု- မြေပြင် ရေပြင် ဝေဟင်- ဂန္ဓာရုံဆရာတော်မြင်တော်မူတာနော်၊ ကမ္မဋ္ဌာန်းကျောင်းထဲ ပိဋကတ်သုံးပုံထဲ မြုပ်ထားတဲ့ ဆရာတော်ကြီးက မြေပြင်- မင်းတို့ ကြည်းတပ်၊ရေပြင်-Navy ပေါ့၊ဝေဟင်-ဆိုတော့ Air force-ပေါ့၊ ဆရာတော်ကြီးတွေ မြင်တော်မူတယ် တိုင်းပြည်အပေါ်မှာကြီးမားတဲ့ နှလုံးသားရှိတော်မူတယ်။ မြေပြင် ရေပြင် ဝေဟင် မလပ်၊မလစ်လပ်စေနဲ့။ မြေပြင် ရေပြင် ဝေဟင် မလပ် တပ်ပေါင်းကွပ်လျှက်၊ ဒီမင်းတို့ တပ်မတော်က အရာရှိတွေ မြေပြင် ရေပြင် ဝေဟင်မလပ် တပ်ပေါင်းကွပ်လျှက် ၊ မင်းတို့ တပ်မတော်နေ့ စစ်ရေးပြ အခန်းအနားမှာ စစ်ရေးပြမှူးက ကာကွယ်ရေး ဦးစီးချုပ်ကို တပ်ကြီးအပ်တဲ့အခါမှာ ဒီစာလုံးသုံးတယ်မို့လား၊ လွန်ခဲ့တဲ့ နှစ်(၈၀)လောက်က ဂန္ဓာရုံဆရာတော်ကြီး ရေးသွားတဲ့ စာလုံးကွ။ တပ်ပေါင်း- ဒို့က ကြားတယ်။
ဂန္ဓာရုံဆရာတော်က ရေးသွားတယ်ကွ နှစ်(၈၀)လောက်က ရေးသွားတယ်။ မြေပြင် ရေပြင် ဝေဟင် မလပ် တပ်ပေါင်းကွပ်လျှက်- ဒုဋ္ဌဂါမဏိမင်းလို အဇာတသတ်မင်းလို တိုင်းပြည် အတွက်သာလျှင် စစ်တိုက်သည် မဟုတ်ဘူး။ ဘုရားသာသနာတော်အတွက်လည်း စစ်တိုက်ရတယ်။ဒီလိုဖြစ်ရမယ်။ အဲ့ဒါကို ကြားချင်ရင် နားဆင်ပေါ့ကွာ၊ ဒုဋ္ဌဂါမဏိမင်းကြီးက စစ်ချီခါနီးမှာ အဓိဋ္ဌာန်တယ်။
ရဇ္ဇသုခါယ ဝါယာမော၊ နာယံ မမ ကဒါစိပိ။
သမ္ဗုဒ္ဓသာသနေဿဝ၊ ဌပနာယ အယံ မမ။
ဒုဋ္ဌဂါမဏမင်းကြီးရဲ့ သစ္စာအဓိဋ္ဌာန်၊ ငါ စစ်တိုက်ခြင်းသည် ရွှေနန်းစည်းစိမ်ခိုင်မြဲရေး အတွက်သာလျှင် စစ်တိုက်ရသည် မဟုတ်ဘူး။ သမ္ဗုဒ္ဓသာသနေဿဝ၊ ဌပနာယ အယံ မမ။ ငါယခု ကျေးကုလားတွေနဲ့ စစ်ပွဲကို ဆင်နွဲရခြင်းသည် ဤသီရိလင်္ကာဆိုတဲ့ ကျွန်းပေါ်မှာ ဘုရားသာသနာကြာကြာတည်ဖို့ စစ်တိုက်ရခြင်းဖြစ်သည်။ ဒါဒုဋ္ဌဂါမဏိမင်းရဲ့ အဓိဋ္ဌာန်။
ရွှေနန်းစည်းစိမ်ကြာကြာတည်ဖို့ အတွက်မဟုတ်ဘူး ဘုရားသာသနာကြာကြာတည်ဖို့ တိုက်ရခြင်းဖြစ်သည်။ လန်ဒန် Pali text Society က ဒါကို အင်္ဂလိုရေးတယ်။ My battles are not only to the secure kingship, မင်းစည်းစိမ် လုံခြုံရေးအတွက် စစ်တိုက်သည် မဟုတ်ဘူး၊ But also for the future security long establisthment of the Buddhism. အနာဂတ် ဒီတိုင်နိုင်ငံတော်မှာ ဒီသာသနာ လုံလုံခြုံခြုံ ကြာမြင့်စွာတည်တန့်ရေးအတွက်၊ ငါစစ်တိုက်သည်။
ဘယ်သူအဓိဋ္ဌာန်လဲ ဒုဋ္ဌဂါမဏိ။အဇာတသတ်မင်းဓိဋ္ဌာန်တယ်။ အဲ့ဒီတော့ ဒို့ရဲ့တပ်မတော်သားတွေလဲပဲ ဒုဋ္ဌဂါမဏိထုံး နှလုံးမူ အဇာတသတ်မင်းထုံး နှလုံးမူ၍ နိုင်ငံတော်နှင့် သာသနာတော်အတွက် စစ်တာဝန်ကို ထမ်းခြင်း ဖြစ်ရမယ် ဖြစ်ပါစေလို့ ဒို့များတိုက်တွန်းပြီးတော့ ဒို့ ဟောပြောပွဲ ဒီမှာ နိဂုံးချုပ်တယ်။ သာဂါရာ စ- အိမ်ယာတည်ထောင် လူတို့ဘောင်၌ ခေါင်းဆောင်ရှေ့သွား ဒကာ ဒကာမ အများတို့သည်လည်ကောင်း၊ အနာဂါ စ- အိမ်ယာမထောင် သာသနာ့ဘောင်၌ ခေါင်းဆောင်ရှေ့သွားဖြစ်တော်မူကြတဲ့ ဆရာတော် ဘုရားတို့သည်လည်းကောင်း၊ ဥဘော- မြန်မာ့တကာ မြန်မာ့ဆရာဟု ကမ္ဘာ့ကို ရှု့နိုင်သည့် လူထုထိပ်ခေါင်တင် ထိုခေါင်းဆောင် နှစ်မျိုးတို့သည် ၊ အညောည နိဿိတာ- ကို်င်းကို ကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့ မမိမယွင်း အချင်းချင်း မှီခိုအားထားကြကုန်လျှက်၊ ဘုဇိဿံ- (၆၂)နှစ်မျှ ကျွန်ဘဝမှာ မုချဆင်စစ်လွှတ်ကင်းခဲ့ရလေပြီးသော် ၊ သရဋ္ဌံ- မိမွေ ဖနှင့် ချက်မြုပ်ဖြစ်၍ အသစ်တည်ဖန် တို့နိုင်ငံကို ၊ ဥသိသဒ္ဓဇံ- တို့ပြည် တို့မြေ တို့အမွေဟု အခြေသိုက်မြိုက် ဆိုက်တလူလူ အောင်လံထူမြဲသာလျှင်၊ အာရာဓယန္တု- မြေပြင် ရေပြင် ဝေဟင်တပ်ပေါင်း ကွပ်လျှက် ၊ အမြိုက်ရတနာ သာသနာလည်း ရောင်ဝါထိန်းငြီးလုံးစုံပြီးအောင် အပြီးတိုင်း ချီးမြောက်နိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး
_/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_
ဤဓမ္မဒါနအား အသံဖိုင်မှ ရေးသားရသောကုသိုလ်ကြောင့်
ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။
10.30.2017ရက်နေ့က တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်) သံတောင်မြို့တွင်ဟောကြားအပ်သော တရားတော်မှ ကောက်နှုတ်ချက်
Credit --- Pay Thoe