Friday, June 8, 2018

လက်တွေ့သိတဲ့ အသိဉာဏ်

 လက်တွေ့သိတဲ့ အသိဉာဏ်

★ အမှန်နဲ့အမှားကို ဆုံးဖြတ်တဲ့အခါမှာ အားကိုယုံကြည်လောက်တဲ့ အကြောင်းဆိုတာဘာလဲ။ ကိုယ်တိုင် လက်တွေ့သိတဲ့ အသိဉာဏ်ပဲ ဖြစ်တယ်။ ကိုယ်တိုင်သိအောင်လုပ်၊ ကိုယ်တိုင်သိတဲ့အချက်ဟာ အသေချာဆုံးပဲ။
 ★ ဥပမာ - လောဘဆိုတဲ့ သဘောတရား၊ ဒေါသဆိုတဲ့ သဘောတရား၊ မောဟဆိုတဲ့ သဘောတရားဟာ အပြစ်ရှိတဲ့အရာလား။ အပြစ်မရှိတဲ့ အရာလား။ မြန်မာလို ပြောမယ်ဆိုရင်
ငရဲကြီးသလား။ မကြီးဘူးလား။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေ့ါ။ ငရဲကြီးတာ မကြီးတာ အပြစ်ရှိတာ မရှိတာ ဘာနဲ့ တိုင်းတာမှာလဲ။
 ★ ထင်ရှားတာ တစ်ခုပြောမယ်။ ဥပမာ - ကိုယ့်စိတ်ထဲ နုသားထဲမှာ ဒေါသဆိုတာ ၀င်လာတာနဲ့ တစ်ပြိုင်နက် စိတ်နုလုံးအေးချမ်းမှုတွေ လက်လွှတ်ဆုံးရှုံးသွားတယ်။ အဲဒါဟာ ဒေါသရဲ့ အပြစ်ပဲ။
★ ပင်ကိုယ်တည်ငြိမ်တဲ့ စိတ်လေးပျက်စီးသွားပြီး ပူလောင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတာဟာ ဒေါသရဲ့ဆိုးကျိုးပဲ။ နောင်ဘဝ ငရဲရောက်တာ မရောက်တာ အသာထား။ ဒေါသဟာ ကောင်းသလား မကောင်းဘူးလားဆိုတာ အခုဘဝမှာပဲ ကြည့်လို့ရတယ်။
 ★ ဒေါသ ဖြစ်လာတဲ့အချိန်မှာ ဒေါသက နုလုံးသားကို ပူလောင်တယ်။ အရာရာကို မကျေမနပ်တာတွေ ဖြစ်လာတယ်။ အတွေးကလည်း ရိုင်းစိုင်းတဲ့ အတွေးမျိုးတွေ တွေးလာတယ်။ ဒေါသ ဖြစ်လာလို့ရှိရင် ပြုံးရွှင်တဲ့မျက်နှာ ပျက်စီးသွားတယ်။ ပြင်းထန်လာလို့ရှိရင် တစ်ကိုယ်လုံး အသားဆတ်ဆတ် တုန်လာတယ်။ ပါးစပ်က ပြောပြီး ဆိုလို့ရှိရင်လည်း ကြင်နာတဲ့စကားလုံးတွေ မထွက်ဘူးတဲ့။
 ★ မကြားဝံ့မနာသာ စကားမျိုးတွေပဲ ထွက်လာတယ်။ အဲဲဒီလို စကားမျိုးတွေ ပြောရဲလာတယ်။ လုပ်တဲ့ အလုပ်တွေကလည်း ကိုယ့်အတွက် နစ်နာမယ့် အလုပ်တွေ၊ သူများအတွက် နစ်နာမယ့်အလုပ်တွေ လုပ်လာတယ်။
★ ယခုလို လက်တွေ့ကျကျ စဉ်းစားပြီးတော့ ကြည့်လိုက်လို့ရှိရင် ဒေါသရဲ့အပြစ်တွေ ဆိုးကျိုးတွေကို ကိုယ်တိုင်သိနိုင်တယ်။ ဒေါသကြောင့် သူများကို တစ်ခုခု လုပ်တာ မလုပ်တာ အသာထား။ ကိုယ်ရဲ့နုလုံးသားထဲ ဒေါသ ဖြစ်လာတဲ့အချိန်ကစပြီး တည်ငြိမ်မှုတွေ ဆုံးရှုံးသွားတာ သေချာတယ်။ ဒါ လူတိုင်းသိတာပဲ။ 
★ ပျော်ရွှင်နေတာတွေအားလုံး ဆုံးရှုံးသွားပြီ။ ငြိမ်းချမ်းနေတဲ့ စိတ်လေး ဆုံးရှုံးသွားပြီ။ နောက်ဆုံးမှာ သွေးတိုးရောဂါရှိရင် သွေးတက်သွားမယ်။ နုလုံးရောဂါ ရှိတယ် ဆိုလို့ရှိရင် heart attck ရသွားမယ်။ ဒေါသက ချက်ချင်း ဒုက္ခပေးတယ်။ ဒါ ထင်ရှားတဲ့ သာဓက တစ်ရပ်ပဲ။
 ★အဲဒီလို ဒေါသဆိုတာ ကောင်းသလား မကောင်းဘူးလားဆိုတာ ကိုယ်တိုင်သိတာပဲ။ ဒေါသ မကောင်းဘူး ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တယ်။ မြတ်စွာဘုရားက အဲဒါကို ဟောလိုတာဖြစ်ပါတယ်။ သဘာဝတရား ဆိုတာ သူ့သဘော သူဆောင်တာ။ ဘုရားက မကောင်းဘူးဟောလို့ မကောင်းတာဖြစ်ရတာ မဟုတ်ဘူး။ 
★ အေး လုပ်ချင်တာတွေလုပ်၊ ငါ့ရှေ့ ၀န်ခံလိုက်လို့ရှိရင် အပြစ်တွေ အကုန်ပျောက်မယ်ဆိုာ မဖြစ်နိုင်ပါဘူး။ ဖြစ်ပြီးသားအပြစ်တွေ ဘယ်လိုလုပ် ပျောက်မလဲ၊ ဒေါသကြောင့်ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေက ဖြစ်ပြီးသွားပြီလေ။ 
★ နုလုံးသားထဲမှာ အမုန်းတရား ၀င်လာတာနဲ့ တစ်ပြိုင်နက် အေးငြိမ်းတဲ့ စိတ်နုလုံးတွေဟာ ဆုံးရှုံးသွားပြီ။ မပြောသင့်တာတွေ ပြောမိသွားပြီ။ မလုပ်သင့်တာတွေ လုပ်မိသွားပြီ။ ပြင်လို့ ရသလား။ မရတော့ဘူး။
 ★ (What should be done, can not be undone) လုပ်ပြီးသား တစ်ခုဟာ မလုပ်ဘူးလို့ ပြောလို့မရေတော့ဘူး။ အဲဒီတညး်က မှားယွင်းချွတ်ချော်တဲ့ အရာတစ်ခုဖြစ်သွားတယ်။
 ★ အဲဒီတော့ ဒီ ဒေါသ ဆိုတဲ့ သဘာဝတရားဟာ အပြစ်ရှိသလား မရှိဘူးလားဆိုရင် ဒီနေရာမှာ အပြစ်ဆို ဘာတုန်း။ မကောင်းတဲ့ အကျိုးတွေပေးတာ အပြစ်ပဲ။ အပြစ်ရှိသလား မရှိဘူးလားဆိုရင် ရှိတာပေါ့။ ပညာရှိတွေက ချီးမွမ်းသလား ကဲ့ရဲ့သလားဆိုရင် ကဲ့ရဲ့တာပေ့ါ။ ဒေါသကို ဘယ်သူကမှ မချီးမွမ်းဘူး။ ဘယ်ပညာရှိကမှ ဟေ့ ဒေါသဆိုတာ ကောင်းတယ်။ စိတ်ဆိုးတာ ကောင်းတယ်လို့ ဘယ်သူမှ မပြောဘူး။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 
‘ဘဝခရီးဝယ် ရွေးချင်ရမယ့်လမ့်’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
 Credit --- Shwe Thu