Wednesday, September 18, 2019

အကာ နှင့်အနှစ် ကို သိအောင်ကြိုးစားပါ

အကာ နှင့်အနှစ် ကို သိအောင်ကြိုးစားပါ

လူတွေ အထင်ကြီးနေကြတာက အကာတွေပါ။ လောကမှာ လူတွေအများက ဘာတွေအထင်ကြီးသလဲဆိုရင် ရှိတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာ အထင်ကြီးကြတယ်၊
ရာထူးပေါ်မှာ အထင်ကြီးကြတယ်၊ အာဏာပါဝါပေါ်မှာအထင်ကြီးကြတယ်၊
ရာထူးဆိုတာလဲ တစ်ခဏပဲ၊ အာဏာပါဝါဆိုတာလဲ တစ်ခဏပဲ။ စည်​းစိမ်​ဥစ္စာဆိုတာလဲ တစ်ခဏပဲ၊
အကန့်အသတ်တွေနဲ့ချည်းပဲ၊ အကုန်လုံး ဘယ်အရာမှ ခိုင်မြဲတာမရှိဘူး။ အဲဒါတွေအပေါ်မှာ လူတွေ နေ့စဉ်နဲ့အမျှ ရှာဖွေပြီး တပ်မက်နေကြတာ လက်လွတ်မခံနိုင်ကြတာ ဒါတွေအတွက်ပဲ။
သဒ္ဓါတရားပျက်သွားလို့ ကိုယ်ကျင့်တရားပျက်သွားလို့ ဆိုတာမျိုးကို စိုးရိမ်သောကရောက်ရမှာကို မသိဘူး၊ တကယ်စိုးရိမ်သင့်တာကတော့
-ကိုယ်ကျင့်တရားပျက်ခြင်း
- အသိအမြင်ပျက်စီးခြင်း
ဒါတွေကမှ စိုးရိမ်စရာကောင်းတာ။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်