Saturday, June 9, 2018

ဒီတရားကိုနာရပြီး ဦးဆေကိန္ဒကတော့ သာသနာဘောင်သို့ ရောက်ခဲ့တယ်။


 ဒီတရားကိုနာရပြီး ဦးဆေကိန္ဒကတော့ သာသနာဘောင်သို့ ရောက်ခဲ့တယ်။

ဒို့များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့ ရောက်ခဲ့တယ်။ အဲဒီတရားကြောင့် .......တရားအားထုတ်ဖြစ်တယ်။ တရားထိုင်ဖြစ်တယ်။ တရားရပ်ဖြစ်တယ်။

အမြဲတမ်း တရားအကြောင်း စဉ်းစားဖြစ်တယ်။ တရားတစ်ပုဒ် နာခဲ့ရလို့၊ အဲဒီတရားတစ်ပုဒ် တရား တစ်ခွန်းကြောင့် .. တို့များ ..... တအားကြီးပြောင်းလဲသွားတယ်။ ဘယ်လိုပုဂ္ဂိုလ် ဟောတဲ့တရားလဲ၊ ဘယ်လိုတရားလဲ၊ ကိုယ့်ဘဝကြီးကို ပြောင်းသွား အောင် လုပ်ပေးနိုင်တဲ့တရား ဘယ်တရားလဲဆိုရင် လက်တစ်ဖြန့်မှာ အကုသိုလ် ကုဋေ တစ်သိန်းဖြစ်တယ်ဆိုတဲ့တရား၊ လက်တစ်ဖြန့်မှာ အကုသိုလ်ကုဋေတစ်သိန်း ဖြစ်တယ်လို့ ပြောတဲ့အခါ... ကြောက်လိုက်တာ အကုသိုလ်ဆိုတာ မကောင်းဘူး၊ အကုသိုလ်ဆိုတာ အပြစ်ပေးတယ်၊ အကုသိုလ်ဆိုတာ ဆိုးကျိုးပေးတယ် လို ့...
 အခုလိုပြောသလောက်ကို မသိသေးဘူး၊ ဘယ်တုန်းဘယ်တုန်းကများ အကုသိုလ်ကို ကြောက်ခဲ့သလဲ၊ ကိုယ်လဲမသိ။ လက်တဖြန့်မှာ အကုသိုလ် ကုဋေတစ်သိန်းဖြစ်တယ်ဆိုတာနဲ့ အဲဒီတုန်းကပင် တရား နာလိုက်ရလို့ ကြောက်သွားလိုက်တာ ဘယ်လောက်ထိ ကြောက်သွားတုန်းဆိုတော့ အကု သိုလ်မဖြစ်ချင်တဲ့ ဆန္ဒတွေပေါ်လာတယ်၊ အကုသိုလ် မဖြစ်ချင်တဲ့ စိတ်တွေပေါ်လာတယ်၊ အဲဒီ..တရားကို နာခဲ့ရတာ၊ အဲဒီ..တရားနာလိုက်ရတော့ ကိုယ့်ကိုယ်ကို ပြန်စစ်တယ်၊ လက် တစ်ဖြန့်မှာ အကုသိုလ် ကုဋေတစ်သိန်း ဖြစ်တယ်ဆိုရင်၊ လက်တစ်ဖြန့်မှာ ကုသိုလ်ကုဋေ တစ်သိန်းဖြစ်အောင် လုပ်လို့ရမှာပဲလို့၊ ဒါ. တရားနာရတာမဟုတ် ကိုယ့်ကိုယ်ကို ပြန်ဟော တယ်၊ ကိုယ့်ကိုယ်ကို ပြန်ဆုံးမတယ်။
 ဒီ..လက်တစ်ဖြန့်မှာ ကုသိုလ် ကုဋေတစ်သိန်း မဖြစ်ရင် အကုသိုလ် ကုဋေတစ်သိန်း ဖြစ်မှာပဲလို့ ကိုယ့်ကိုယ်ကို ပြန်ဟောတယ်၊ ကိုယ့်ကိုယ်ကို ဆက်ပြီးစဉ်းစားတာပေါ့၊ ငါအ လဟသ နေလိုက်ရင် တောင်ပုံယာပုံ အကုသိုလ်တွေ ဖြစ်မှာပဲလို့ ကိုယ့်ကိုယ်ကို စဉ်းစား တာ၊ ကိုယ့်ဘဝရေးကို ဇတ်ကြိုးဆွဲပြီးတော့ လမ်းလှည့်ပစ်လိုက်တယ်။ ဒုက္ခရောက်မဲ့လမ်း ကနေ၊ သုခရမဲ့လမ်းကို ပြောင်းလှည့်ပေးလိုက်တယ်။
ရထားထိန်းမောင်းတာ ခံရတဲ့မြင်း လိုဘဲ လမ်းကြောင်း ချက်ချင်းပြောင်းသွားတယ်။ အဲဒီတရား ဘယ်သူဟောတာလဲလို့မေးရင်၊ ဘယ်သူဟောတဲ့တရား နာရတာလဲလို့ မေးရင်၊..... ခြောက်တန်းအရွယ် သူငယ်ချင်းနဲ့ ကျောင်းသို့သွားရင်း အဲဒီသူငယ်ချင်းက ကိုယ့်ကိုယ်ကို ပြောတာ၊ အဲဒါကို ကိုယ်က ကြားလိုက်ရတယ်၊ နာလိုက်ရတယ်၊ သူက ဘုန်းကြီးကျောင်းမှာ နေရတဲ့ ဘုန်းကြီးကျောင်းသား ကိုယ်ကလဲ သူ ့ကျောင်းကိုသွား တယ် သူကလဲ ကိုယ့်အိမ်ကိုလာတယ်။
 ဒီလူတွေ ဘဝပြောင်းမပြောင်းတော့မသိဘူး။ ကိုယ့်သူငယ်ချင်းက လမ်းသွားရင်း ကိုယ့်ကိုယ်ကို ပြောတာ ဒီတရားကို နာရပြီးတော့ ဦးဆေကိန္ဒကတော့ ဘဝပြောင်းသွား တယ်၊ စိတ်တွေပြောင်းသွားတယ်၊ လမ်းကြောင်းတွေ ပြောင်းသွားတယ်။ ဒီသူငယ်ချင်း ကို လေးစားလို့ ပြောင်းတာမဟုတ်ဘူး၊ တရားကိုလေးစားတာ။ တရားကို ဂရုစိုက်တာ။ အကုသိုလ် ကုဋေတစ်သိန်း ဖြစ်တယ်လို့ ..ကြောက်လွန်းလို့ ဒီ တရားကို နာလိုက်ရလို့ လမ်းကြောင်းပြောင်းသွားတာ။
ဘဝပြောင်းသွားတာ။ လေးစားလောက်တဲ့ သူငယ်ချင်းက ပြောတဲ့စကားမျိုး မဟုတ်ဘူး။ သူလဲကိုယ့်လို ကိုယ်လဲသူ ့လိုဘဲလေ၊ အခုဒီလူတွေ ဒီတရားစခန်း ၀င်ဖြစ်တာ၊ ဒီတရားတွေ နာဖြစ်တာ ဟာ ရဟန်းသံဃာဆိုတဲ့ ဦးဆေကိန္ဒကြီးကို လေးစားရင်လည်း.. ဘဝပြောင်းနိုင်တယ်။
ဆရာသမား ဆိုတာကို လေးစားလို့လဲ ဘဝပြောင်းနိုင်တယ်။ တရားဆိုတာ ဘယ်လိုဟာ လဲ၊ ဘယ်ပုဂ္ဂိုလ် ဟောတဲ့ တရားမျိုးကို လေးစားမှာလဲ၊ လောကကြီးအရ..ပုဂ္ဂိုလ်ကိုလေး စားမှာလား၊ တရားကို လေးစားမှာလား၊ ကိုယ့်ကိုယ်ကို လေးစားမှာလား၊ ဘယ်ဟာအရေး ကြီးတာလဲ၊ ကိုယ့်ကိုယ်ကို တကယ်နိဗ္ဗာန် ရောက်ချင်တဲ့ စိတ်ကလေးမွေးရင်၊ ကိုယ့်ကိုယ် ကို သူတော်ကောင်း ဖြစ်ချင်တဲ့ စိတ်ကလေးမွေးရင်၊ ကြားသမျှ တရားဖြစ်ပါတယ်။ မြင် သမျှ တရားဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တရားရတဲ့ ပုံစံတွေ တူချင်မှ တူကြမယ်။ ဒါပေမဲ့ ဖြောင့်ဖြောင့်တန်းတန်း မကွေ ့မကောက်သော လမ်းမှန်ဖြင့် မြတ်နိဗ္ဗာန်ကို တက်လှမ်း နိုင်ကြပါစေ။ ။
 {၂၀.၆.၂၀၁၀. နေ့မှော်ဘီ တရားစခန်း၌ ဒေါက်တာအရှင်ဆေကိန္ဒ ဟောကြားတော် မူသော “ မလှည့်စားပါနဲ့ ” တရားတော်မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
#Credit ဦးသိန်းဝေ။