Tuesday, June 5, 2018

ကမ္ဘာ့ပညာရှင်များ ၏ ဗုဒ္ဓဘာသာအပေါ်အမြင်

ကမ္ဘာ့ပညာရှင်များ ၏ ဗုဒ္ဓဘာသာအပေါ်အမြင်

"စကြာဝဠာတစ်ခုလုံး ကိုးကွယ်မည့်ဘာသာ" နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည့် ဘာသာတစ်ရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ထိုဘာသာတစ်ရားသည် တစ်ယူသန်ဝါဒ၊တရားသေဝါဒများကိုလည်း ရှောင်လွဲနိုင်လိမ့်မည်။သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့် ထိုဘာသာတရားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္မါယ်ပြည့်ဝသည့် ပေါင်းစည်းညိညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။


ထိုအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။အကယ်၍သာ ခေတ်သစ်သိပ္ဖံနည်းကျလိုအပ်ချက်များကို အဖြေထုတ်ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခုရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲဖြစ်လိမ့်မည်။

"ကမ္ဘာကျော် သိပ္ဖှံဆရာကြီး ဒေါက်တာအဲလဘတ် အိုင်စတိုင်း"

"ဘယ်အရာမှဗုဒ္ဓဘာသာတရားတော်ထက်ပို၍ မသာလွန် မကောင်းမြတ်" ဗုဒ္ဓဘာသာဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကျွန်ုပ်သည်ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံးကို လေ့လာခဲ့ပြီးဖြစ်ဧ။် လှပတဲ့အရာမှာရော၊ ပြည့်စုံကုံလုံတဲ့အရာမှာပါ ဗုဒ္ဓဘာသာရဲ့ အမှန်တရားအရိယသစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်လမ်းစဉ်ထက်ပို၍ သာလွန်ကောင်းမြတ်တဲ့အရာ တစ်ခုမျှမတွေ့ပါ။ ထိုလမ်းစဉ်နှင့်အညီ ကိုယ်ဘဝကို ပုံဖော်ရေးအတွက် ကျွနု်ပ် ကျေနပ်ရောင်ရဲပါဧ။် ။

 (ပါမ္ခောရိုက်-စ် ဒေးဗစ်)

 "လူ့ဘာသာတရား" ကောင်းကင်ထက်မှာ နေလရှိနေသရွေ့ မြေကမ္ဘာပေါ်မှာ လူသားတွေတည်ရှိနေသရွေ့ ကာလပတ်လုံး ဗုဒ္ဓဘာသာရှိနေမှာပါ။အကြာင်းမူရင်းသည် လူ့ဘာသာတရားဖြစ်နေသောကြောင့်ပါပဲ။ (သီရီလင်္ကာ ဝန်ကြီးချူပ်ဟောင်း ဘဒ္ဒရာနှိုက်) "မူဝါဒဖြင့်နေရသော ဘဝ" ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြင့် နေထိုင်ရသောဘဝမဟုတ်၊ မူဝါဒဖြင့်နေထိုင်ရသောဘဝဖြစ်ဧ။် ။အကျိုးဆက်အားဖြင့် သည်းခံရေးဘာသာတရားတစ်ခုဖြစ်ဧ။် ။ယင်းသည် နေမင်းအောက်ရှိ စိတ်ကောင်းစေတနာ အရှိဆုံးစနစ်တစ်ခုဖြစ်ပါသည်။

(ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇတ်ဝိန်း)

"အမြင့်မြတ်ဆုံးလူသား" သင်သည်အကယ်၍ အမြင့်မြတ်ဆုံး လူသားတစ်ယောက်ကို တွေ့မြင်လိုပါက သူဖုန်ကြည့်လိုက်ပါ။းစားတို့ အဝတ်သင်္ကန်းကို ဝတ်ရုံဆင်မြန်းထားသော (သာကီဝင်မင်းသား) ဘုရင်တစ်ပါးကို သူဧ။် ကြည်ညိုလေးစားဖွယ် စင်ကြယ်သန့်ရှင်းမှုသည် လူ့လောကတွင် ကြီးမြတ်လှပါပေဧ။် ။

 (မူဆလင် ကဗျာဆရာ - အပ္ဖ္ဒဒူလ် အတာဟီယ)

 "မြတ်ဗုဒ္ဓဧ။် ပဋိသေဝ၀ိဿဇ္ဖနာ" ဥပမာအားဖြင်ဆိုရသော် အိလက်ထရွန်ဧ။် အနေအထားသည် တစ်မျိူးတစ်စားတည်းလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။ အိလက်ထရွန်ဧ။် အနေအထားသည် အချိန်နှင့်အတူ ပြောင်းလဲနေပါသလောဟု မေးလာခဲ့သော် မဟုတ်ဟုဆိုရပါမည်။ သေသည့်နောက်ကာလ၌ အတ္တ၏ အခြေအနေနှင့် ပတ်သတ်၍ အမေးခံလာရသည့်အခါ အထက်ပါအဖြေမျိုးကို ဗုဒ္ဓကပေးတော်မူခဲ့၏။ သို့သော်ယင်းအဖြေမျိုးသည် ဆယ့်ခုနှစ်၊ ဆယ့်ရှစ်ခုနှစ် သိပ္ဖံပညာ၏ အစဉ်အလာနှင့် ယဉ်ပါးခြင်းမရှိသေးချေ။

 (ဂျောရောဘတ် အိုပင်ဟိုးမား)

အခုလောက် ရာစုနှစ်ပေါင်းများစွာ ရှည်လျားကြာမြင့်လာခဲ့သည့် အချိန်ကာလကြီးတလျှောက်လုံး အချုုုူပ်အခြာအာဏာပိုင်စိုးလာသော ဗုဒ္ဓဘာသာဝင်များက အခြားဘာသာဝင်များကို သတ်ဖြတ်ကွတ်မြတ်သည်ဟူသော မှတ်တမ်းမှတ်ရာဟူ၍ ရှည်လျားကြာမြင့်လှသည့် ဗုဒ္ဓဘာသာသမိုင်းကြောင်းတွင် ကျွနု်ပ်မတွေ့ရပါချေ။

(ပါမောက္ခ ရိုင်းစ် ဒေးဗစ်)

 ဤအရာတွင် မြတ်ဗုဒ္ဓသည် ထာဝရတည်ရှိသော သစ္စာတရားတို့၏ တန်ဖိုးကို တိတိလင်းလင်း ရှင််းပြတော်မူသည့်အပြင် အန္ဒိယနိုင်ငံ၏ ကိုယ်ကျင့်တရားကိုပါ တိုးတက်မြင်းမားစေခဲ့၏။ မြတ်ဗုဒ္ဓသည် ကမ္ဘာလောကကြီးအား ပေးအပ်ထားသည့် အကြီးမြတ်ဆုံးသော သူတော်စင် ပညာရှိ လူ့ဂဂေးကြီးတစ်ဦးဖြစ်ပါပေ၏။

(အနောက်တိုင်းသားဦးဆောင်တွေးခေါ်ရှင် အယ်လ်ဘတ်စဆိတ်စာ)

ကမ္ဘာစိတ်ပိုင်းယဉ်ကျေးမှုနှင့် စစ်မှန်သောရုပ်ပိုင်းယဉ်ကျေးမှုတို့ ထွန်းကားရေးအတွက် လူ့သမိုင်းကြောင်းရှိ အခြားသောသြဇာအာဏာ ထက် ဗုဒ္ဓဘာသာတရားတော်က ပို၍လုပ်ဆောင်ထားပါပြီ။

(အိပ်ချ်ဂျီဝဲလ်)

 ခေတ်သစ်သိပ္ဖံပညာ၏ လိုအပ်ချက်များနှင့် ရင်ဆို်င်ယှဉ်ပြိုင်မည့် ဘာသာတရားတစ်ခု ရှိသည်ဆိုပါလျှင် ယင်းသည်ဗုဒ္ဓဘာသာပင် လျှင်ဖြစ်ရပါမည်။

(အယ်လ်ဘတ် အိန်းစတိန်း)

 "အမှန်မြင်သူ၏စကား" သင်ဟာတက္ကသိုလ်က ဘွဲ့ကောင်းကောင်းတစ်ခု(သို့) ကားသစ်တစ်စီး (သို့) အသံအလွန်ကောင်သည့် စတိရီယို ကတ်ဆတ်တစ်လုံး ဒါမှမဟုတ် ကမ္ဘာဘယ်အရပ်ဒေသမဆို လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ အခွင့်အရေးဆိုတာ တကယ်ပဲကျေနပ်မှုပေးနိုင်ပါတယ်လို့ သင်ဆိုမယ်ဆိုပါတော့ ။ ဒါဆိုရင် ကျွန်မပြောချင်ပါတယ်။ အနောက်နိုင်ငံသားတွေဟာ ဒါတွေကိုကြိူးစားရယူရင်းနဲ့ပဲ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်ရမှုတွေ တွေကြုံနေ ရပါတယ်။ ဒါကြောင့်ဒိလို တပ်မက်မှုအဖုံဖုံကို လေးလေးနက်နက်စဉ်းစားသုံးသတ် လေ့လာကြည့်စေချင်ပါတယ်။ဒါပေမဲ့ ကျွန်မဟာ အဲ့ဒီကျင့်စဉ်များကို အားရကျေနပ်မှု မရှိခဲ့ပါဘူး။၁၉၇၆-ခုနှစ် ဇူလိုင်လမှာ ဗုဒ္ဓဘာသာတရားရိပ်သာတစ်ခုမှာ မြတ်ဗုဒ္ဓရဲ့ သစ္စာလေးပါး တရားနဲ့ လက္ခာရေးသုံးပါးအကြောင်းကို ပတမဆုံးနာကြားရပါတယ်။အဲ့ဒီအချိန်ကစပြီး မြတ်ဗုဒ္ဓဟောကြားတဲ့ တရာတော်မှလွဲ၍ ဘယ်အတွေးအခေါ် အယူအဆကိုမှ အားရကျေနပ်မှုမရှိခဲ့ပါ။

ဘာဘရာဂျင်နပ်စ်(အမေရိကန်)

 (မေတ္တာရှင် -ရွှေပြည်သာ)

 Credit --- Aung Min Htun