မင်္ဂလာတရား{ ၃၈ } ပါး
ဗုဒ္ဓ မြတ်စွာဘုရားရှင် ဟောကြားတော်မူသောစီးပွားချမ်းသာ၏ အကြောင်းမှန် ဖြစ်သော မင်္ဂလာ တရားပေါင်း { ၃၈ } ပါးအို အမောင် နတ်သား
၁ ၊ သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း
၂ ၊ ပညာရှိ သူကို မှီဝဲ ဆည်းကပ်ခြင်း
၃ ၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း
၄ ၊ တင့်အပ် လျှောက်ပတ်သော အရပ်ဒေသ၌ နေရခြင်း
၅ ၊ ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်း
၆ ၊ မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း
၇၊ အကြားအမြင် ဗဟုသုတ ရှိခြင်း
၈ ၊ စက်မှု လက်မှု စသော သိပ္ပံပညာ တတ်မြောက်ခြင်း
၉ ၊ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် သီလကိုယ်ကျင့်တရားကို ကောင်းစွာသင်ယူခြင်း
၁၀ ၊ ကောင်းမွန် မှန်ကန် ယဉ်ကျေးသော စကားတို့ကို ပြောကြားခြင်း
၁၁ ၊ အမိ အဘ တို့ကို လုပ်ကြွေးမွေးမြူခြင်း
၁၂ ၊ သားမယားကို ထောက်ပံ့ ပေးကမ်းချီးမြှောက်ခြင်း
၁၃ ၊ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်မျိုးကို လုပ်ကိုင်ခြင်း
၁၄ ၊ စာဂ ပေးကမ်းစွန် ့ကြဲ လှူဒန်းခြင်း
၁၅ ၊ မြတ်သောအကျင့် သမထ ဝိပဿနာ ကျင့်ခြင်း
၁၆ ၊ ဆွေမျိုး တို့အား ထောက်ပံ့ခြင်း
၁၇ ၊ အကုသိုလ် ကင်းသော အလုပ်ကို လုပ်ခြင်း
၁၈ ၊ မကောင်းမှုဟူသမျှကို ဝေးဝေးကရှောင်နိုင်ခြင်း
၁၉ ၊ မကောင်းမှုကို မပြုလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း
၂၀ ၊ သေရည်အရက် မူးယစ်ဆေးဝါး တို့ကို မသောက်စား ဖြစ်အောင် မရှူရှိုက်မိအောင် ရှောင်ကြဉ်နိုင်ခြင်း
၂၁ ၊ ကုသိုလ်ရမည့် ကောင်းမှု အလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျှော့ ဆောင်ရွက်ခြင်း
၂၂ ၊ ရိုသေထိုက်သူကို ရိုသေခြင်း
၂၃ ၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ့်ချခြင်း
၂၄ ၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း
၂၅ ၊ သူတစ်ပါးက မိမိအပေါ် ပြုခဲ့ဖူးသော ကျေးဇူးကို သိတတ်ခြင်း
၂၆ ၊ အခါအခွင့်သင့်တိုင်း တရားနာကြားခြင်း
၂၇ ၊ ခန္တီတရား လက်ကိုင်ထားပြီး အရာရာကို သီးခံနိုင်ခြင်း
၂၈ ၊ မိဘ ဆရာသမား ရဟန်း သံဃာတော်တို့ ၏ ဆုံးမသော စကားကို နာယူလွယ်ခြင်း
၂၉ ၊ သူတော်ကောင်း ရဟန်းသံဃာကို ဖူးမြော်ရခြင်း
၃၀ ၊ အခါအခွင့်သင့်တိုင်း တရားစကားတို့ကို ဆွေးနွေးမေးမြန်းခြင်း
၃၁ ၊ ခြိုးခြံစွာ နေထိုင် ကျင့်ကြံခြင်း
၃၂ ၊ သူတော်ကောင်းတို့ ချီးမွမ်းအပ်သော မြတ်သော အကျင့်ကို ကျင့်ခြင်း
၃၃ ၊ အရိယာသစ္စာတရားကို သိမြင်ရခြင်း
၃၄ ၊ နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း
၃၅ ၊ လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာ အရှင်သူမြတ်တို့၏ စိတ်သည် မတုန်လှုပ်ခြင်း
၃၆ ၊ မစိုးရိမ်ခြင်း
၃၇ ၊ ရမ္မက်ကင်းခြင်း
၃၈ ၊ ဘေးကင်းခြင်း
ဤတရားတို့ သည် မြတ်သော မင်္ဂလာတရားဟူ၍ အသင် နတ်သား မှတ်လေလော့ ။
Credit --- Nai BoBo